DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တပ်မတော်နှင့် အက်စ်အန်အယ်လ်ဒီ တွေ့ဆုံဆွေးနွေး
DVB
·
October 7, 2014
ရှမ်းပြည်တပ်မတော်နှင့် အက်စ်အန်အယ်လ်ဒီ တွေ့ဆုံဆွေးနွေး
Donate to DVB

ရှမ်းပါတီကြီးတခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ) တို့ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

snld&ssaဦးခွန်းထွန်းဦး ခေါင်းဆောင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေက အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ ကို သွားရောက်တွေ့ဆုံတာဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ မြောက်ပိုင်း အကြား ပြန်လည်ပေါင်း စည်းရေး နောက်ဆုံးအခြေအနေတွေကို မေးမြန်းခဲ့သလို လက်နက်ကိုင်တပ်ဖွဲ့နဲ့ ပါတီအကြား ဘယ်လိုပူးပေါင်း ဆောင်ရွက်မယ်ဆိုတာကို မေးမြန်းဆွေးနွေးခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။

“အက်စ်အက်စ်အေ မြောက်ပိုင်းနဲ့ တောင်ပိုင်း ပူးပေါင်းဖို့လုပ်နေတာ ကြာပြီ။ အဲဒါ သူတို့ ဘယ်လို့အခြေအနေမျိုး ရောက်သွားပြီဆိုတာ ပြန်ပြီး မေးမြန်းတာဖြစ်ပါတယ်။ အခြေအနေတော့ တိုးတက်မှု ရှိတယ်။ ဒါပေမယ့် အခုထိတော့ အဆင်ပြေတဲ့အဆင့် မရောက်သေးဘူးပြောပါတယ်။ နိုင်ငံရေးအရဆိုရင် ကျနော်တို့ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးတဲ့ကိစ္စ အောင်မြင်အောင် ၀ိုင်းဝန်းကြိုးပမ်းကြမယ်။ နှေးတာမြန်တာထက် တိုင်းရင်းသားတွေဘက်က ရသင့်ရထိုက်တဲ့ အခွင့်အရေးမျိုးကို အာမခံချက် ရှိတယ်ဆိုရင် ချက်ချင်း ထိုးလည်းဖြစ်တယ်။ အဓိက တိုင်းရင်းသားတွေ လိုချင်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူညီခွင့်၊ အဲဒါရအောင် ၀ိုင်းကြိုးပမ်းကြမယ်။ တပ်ကလည်း တပ်အနေအထား၊ ပါတီကလည်း ဒီနေရာမျိုးရောက်အောင် ကြိုးပမ်းမယ်။ အနှစ်ချုပ်ပြောရင် နိုင်ငံရေးနည်းနဲ့ နိုင်ငံရေးပြဿ     နာကို ၀ိုင်းဝန်းဖြေရှင်းကြမယ်။”

ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ မြောက်ပိုင်း ပေါင်းစည်းရေးမှာ ခက်ခဲတဲ့အဓိက အကြောင်းအရင်းနဲ့ပတ်သက်ပြီးတော့ အခုလို ပြောပါတယ်။

“ကျနော်တို့က နိုင်ငံရေးပါတီဆိုတော့ သိပ်တော့နားမလည်ဘူး။ သူတို့ပြောပုံက ဖြစ်တည်ပုံချင်းမတူဘူး။ အက်အက်စ်ပီပီက ယူအန်အက်ဖ်စီအဖွဲ့ဝင်၊ အာစီအက်စ်အက်စ်ကကျတော့ ယူအန်အက်ဖ်စီထဲ မ၀င်ဘူး။ သူ့ရဲ့ မဟာမိတ်ကိစ္စကအစ သိပ်ပြီး ဆွေးနွေးရမယ့်အနေအထားမျိုး ရှိနေတာဆိုတော့ နီးစပ်ဖို့ မမြင်သေးဘူး။”

ဒါအပြင် ဒီတွေ့ဆုံမှုမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ရှမ်းပါတီကြီး ၂ ခုနဲ့ ရှမ်းတိုင်းရင်းသား လက်နက်အဖွဲ့ ၃ ခုတိုရဲ့ တွေ့ဆုံပွဲမှာ ချမှတ်ခဲ့တဲ့  ပူးပေါင်းဆောင်ရွက်ရေး ဘယ်လို စတင် ဆောင်ရွက်မယ်ဆိုတာကို ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013