DVB Logo
Home
မြန်မာသတင်း
မြ၀တီမြို့တွင် ကရင်အမျိုးသားအလံမထောင်ရန် အာဏာပိုင်များ သတိပေး
DVB
·
October 7, 2014
မြ၀တီမြို့တွင် ကရင်အမျိုးသားအလံမထောင်ရန် အာဏာပိုင်များ သတိပေး
Donate to DVB

ကရင်ပြည်နယ် မြ၀တီမြို့က နေအိမ်ခြံဝင်းတွေမှာ ကရင်အမျိုးသားအလံ မထောင်ဖို့ အာဏာပိုင်တွေက လိုက်လံသတိပေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

10421641_493668314111886_123741562160243632_nလွန်ခဲ့တဲ့ ၃ ရက်လောက်ကစပြီး မြို့အတွင်းရှိ ကရင်အိမ်တွေကို လိုက်လံပြီး နေအိမ်တွင်း၊ ခြံဝင်းတွေမှာ ကရင်အလံမထောင်ဖို့ လိုက်လံ သတိပေးတာလို့ မြ၀တီမြို့ခံ တဦးက ပြောပါတယ်။

ဒီလိုအလံဖြုတ်ခိုင်းမှုဟာ မြ၀တီမြို့နယ်အတွင်း အစိုးရတပ်နဲ့ ကရင်လက် နက်ကိုင်တပ်ဖွဲ့ တွေအကြား တင်းမာမှုအချို့ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အုပ်ချုပ်ရေးပိုင်းက ဆောင်ရွက်ချက်ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မြ၀တီဆက်ဆံရေးရုံးတာဝန်ခံ  ဗိုလ်မှူး စောဇောရိုးက မြ၀တီမြို့ပေါ်မှာ ကရင်အလံ လိုက်လံ ဖြုတ်ခိုင်တာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုပါတယ်။

အိမ်တွေမှာ ကရင်အမျိုးသားလံတော်ကို ဖြုတ်ခိုင်းပေမယ့် ရုံးတွေကိုတော့ မဖြုတ်ခိုင်းဘူးလို့လည်း ပြောပါတယ်။

ဒီလိုဖြုတ်ခိုင်းမှုနဲ့ပတ်သက်ပြီး  ကရင်အမျိုးသားအလံတော်ဟာ အုပ်ချုပ်ရေးပိုင်းကို ဘယ်လို ထိခိုက်မှုရှိနေလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ သူက ပြောပါတယ်။

မြ၀တီမြို့မ ရဲစခန်းကို မေးမြန်းကြည့်ရာမှာတော့ အလံတွေလိုက်ဖြုတ်ခိုင်းတာ မကြားသေးဘူးလို့  ငြင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013