DVB Logo
Home
မြန်မာသတင်း
ခါကာဘိုရာဇီ ပျောက်ဆုံး ရဟတ်ယာဉ်ပေါ်ပါ စီးနင်းသူများကို ပြန်တွေ့
DVB
·
October 7, 2014
ခါကာဘိုရာဇီ ပျောက်ဆုံး ရဟတ်ယာဉ်ပေါ်ပါ စီးနင်းသူများကို ပြန်တွေ့
1 / 2
Donate to DVB

ကချင်ပြည်နယ် ခါကာဘိုရာဇီတောင်မှာ လူပျောက်ရှာရာမှာ ရိက္ခာပို့ရင်း ပျောက်ဆုံးသွားတဲ့ ရဟတ်ယာဉ်ပေါ်ပါ သုံးဦးကို အသက်ရှက်လျက်ပြန်တွေ့တယ်လို့ ထူးဖောင်ဒေးရှင်းက ပြောပါတယ်။

[caption id="attachment_67077" align="alignright" width="300"]ဓာတ်ပုံ - ထူးဖောင်ဒေးရှင်း ဓာတ်ပုံ - ထူးဖောင်ဒေးရှင်း[/caption]

ပျောက်ဆုံးသွားတဲ့ တောင်တက်သမား ၂ ဦးကို ရှာဖွေရာမှာ အသုံးပြုဖို့ ထိုင်းနိုင်ငံက ငှားယမ်းထားတဲ့ ဘီ ၄ ရဟတ်ယာဉ်မှာ လိုက်ပါသွား တဲ့သူတွေ ဟာ လန်ကာကျေးရွာကို ရောက်ရှိလာပြီလို့ ထူးဖောင်ဒေးရှင်းက ပြောပါတယ်။

ဘီ-၄ ရဟတ်ယာဉ်မှာ ထိုင်းနိုင်ငံသား ရဟတ်ယာဉ်မှူး ချတ်ချာဝလ်၊ မြန်မာရဟတ် ယာဉ်မှူး ဦးအောင်မြတ်တိုးနဲ့ထူးဖောင်ဒေးရှင်းက ဦးရွှေရင်တော်ကြီးတို့ လိုက်ပါသွားတာပါ။

ထူးဖောင်ဒေးရှင်း ပြောခွင့်ရ ဦးဖြိုးကိုကိုသက်က “b4 အမျိုးအစား ရဟတ်ယာဉ်ပေါ်မှာ အတူပါသွားတဲ့ ကပ္ပတိန် ၂ ဦးနဲ့ ဦးရွှေရင်တော်ကြီးတို့ လက်ရှိ ၄၅ မိနစ်လောက်က လန်ကာကျေးရွာ ကို ရောက်လာပါတယ်။ပြန်ရောက်ရှိတာကိုပဲ ကျနော်တို့ သိပါတယ်။ ကျနော်တို့ဘက်က ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနိုင်အောင် အမြန်ဆုံး စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။

1911058_867474363286232_1415367958039900902_oရဟတ်ယာဉ်နဲ့ပတ်သက်ပြီးအသေးစိတ် မပြောနိုင်ပေမယ့် ၃ ဦးလုံး အခြေအနေကောင်းမွန်တယ်လို့ သူက ပြောပါတယ်။

စက်တင်ဘာလ ၂၇  ရက်နေ့က  ကယ်ဆယ်ရေးအဖွဲ့ အခြေစိုက် စခန်းရှိတဲ့ တဟွန်ဒမ်းရွာကို ရိက္ခာပို့ဖို့ သွားရင်း ရဟတ်ယာဉ်ဟာ အဆက်အသွယ် ပြတ် ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ ၃၁ ရက်နေ့ကစလို့ ခါကာဘိုရာဇီ တောင်တက်ရင်း အဆက်အသွယ် မရ တော့ တဲ့  သဘာဝခေါ်သံ ဖောင်ဒေးရှင်းက တောင်တက်သမားနှစ်ဦးဖြစ်တဲ့ ကိုအောင် မြင့်မြတ်နဲ့ ကိုဝေယံမင်းသူတို့  ၂ ဦးကို ရှာဖွေရင်း မတွေ့ခဲ့တဲ့အတွက်  စက်တင်ဘာလ ၂၇ ရက်နေ့ ကို ရှာဖွေရေး နောက်ဆုံးနေ့ အဖြစ် သတ်မှတ်ခဲ့ပေမယ့်  ရဟတ်ယာဉ်တစီး ထပ်ပြီး ပျောက်ဆုံးခဲ့လို့ ရှာဖွေနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013