DVB Logo
Home
မြန်မာသတင်း
လူကုန်ကူးမှုတိုက်ဖျက်ရေး အမေရိကန်နှင့်အာဆီယံ ပိုမိုပူးပေါင်းမည်
DVB
·
October 7, 2014
လူကုန်ကူးမှုတိုက်ဖျက်ရေး အမေရိကန်နှင့်အာဆီယံ ပိုမိုပူးပေါင်းမည်
Donate to DVB

အမေရိကန်နိုင်ငံနဲ့ အာဆီယံဒေသတွင်းနိုင်ငံတွေအကြားမှာ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းကို ပြီးခဲ့တဲ့နှစ်တွေကထက်  နီးနီးကပ်ကပ် ပူးပေါင်းတိုက်ဖျက်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုက အာဆီယံ-အမေရိကန် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာဆွေးနွေးပွဲမှာ ပြောပါတယ်။

american-asean meetingဒီကနေ့ ရန်ကုန်မြို့ ပက်ရွိုင်ရယ်ဟိုတယ်မှာ အာဆီယံဒေသတွင်းနိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံအကြားမှာ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် ပူးပေါင်း ဆောင်ရွက်တဲ့ဆွေးနွေးပွဲ တခုကို ကျင်းပခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကနေ အာဆီယံနဲ့အမေရိကန်နိုင်ငံအကြားမှာ လူကုန်ကူးမှု ကိစ္စရပ်သာမက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ပညာရေး စတဲ့ကဏ္ဍတွေမှာလည်း ပိုမိုအကျိုးဖြစ်ထွန်းမယ်လို့ မျှော်လင့်ကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုက ပြောပါတယ်။

အာဆီယံအတွင်းရေးမှုးချုပ်ရုံး နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာဌာန အကြီးတန်းအရာရှိ ဒေါ်ခိုင်မြတ်ချစ်က လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် တဖက်နဲ့တဖက် အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြပြီး သတင်းအချက်အလက်တွေ ဖလှယ်သွားကြမယ်လို့ ပြောပါတယ်။

နိုင်ငံအသီးသီးမှာဖြစ်ပေါ်နေတဲ့ လူကုန်ကူးမှုပြဿ    နာတွေ လျှော့နည်းပပျောက်စေဖို့ကတော့ အစိုးရ အဖွဲ့အစည်း တခုတည်းနဲ့ မလုံလောက်တာကြောင့် ကိုယ့်ဘေးပတ်ဝန်းကျင်မှာ မျက်စိဖွင့် နားစွင့်ပြီး မသင်္ကာစရာတွေ တွေ့ရှိရင် သက်ဆိုင်ရာကို သတင်းပေးပို့ဖို့အတွက် လူတိုင်းကိုယ်စီမှာ တာဝန်ရှိတယ်လို့ ဒေါ်ခိုင်မြတ်ချစ်က ဆက်လက်ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အစိုးရသစ်လက်ထက်မှာ နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို စတင်ခဲ့ ပြီးတဲ့နောက် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ မြန်မာအစိုးရအကြားမှာ မြန်မာ- အမေရိကန် လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်း စီမံချက်တရပ်ကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။

ဩစတြေးလျ အခြေစိုက် လွတ်လပ်စွာ လျှောက်လှမ်းခွင့် ဖောင်ဒေးရှင်း (Walk Free Foundation) က ထုတ်ပြန်တဲ့ ၂၀၁၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ကျေးကျွန်ဆိုင်ရာ အညွှန်းကိန်းမှာ မြန်မာနိုင်ငံက လူ ၃ သိန်း ၈ သောင်းကျော်ဟာ ခေတ်သစ်ကျေးကျွန်အဖြစ် ရောက်ရှိနေတယ်လို့ ရေးသားထားပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013