DVB Logo
Home
မြန်မာသတင်း
ရှမ်းခေါင်းဆောင်များနှင့် ယူအန်အက်ဖ်စီ တွေ့ဆုံဆွေးနွေး
DVB
·
October 6, 2014
ရှမ်းခေါင်းဆောင်များနှင့် ယူအန်အက်ဖ်စီ တွေ့ဆုံဆွေးနွေး
Donate to DVB

ရှမ်းတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ် ကောင်စီ (ယူအန်အက်ဖ်စီ) ခေါင်းဆောင်တွေ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

unfc & shan party meeting1ရှမ်းတိုင်းရင်းသားခေါင်းဆောင်ဦးခွန်ထွန်းဦးနဲ့ အဖွဲ့တွေနဲ့ ယူအန်အက်စီခေါင်းဆောင်တွေ ဒီကနေ့ မနက် ၉ နာရီကနေ ၁၂ နာရီအထိ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ ငြိမ်းချမ်းရေး တွေ့ဆုံမှုရဲ့ နော်ကဆုံး ရလဒ်နဲ့ ရှေ့အလားအလာတွေကို ဆွေးနွေး ဖလှယ်ကြတယ်လို့ ယူအန်အက်ဖ်စီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ ဦးခွန်ဥက္ကာက အခုလို ပြောပါတယ်။

“အဓိက ကတော့ ညီညွတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ပြည်ထောင်စု တည်ဆောက်ရေးပေါ့ဗျာ။ ငြိမ်းချမ်းရေးကတော့ အားလုံးလိုချင်တာပဲ။ တိုင်းရင်းသားလည်း လိုချင်တယ်။ ပြည်ထောင်စု သမ္မတလည်း လိုချင်တာပဲ။ ငြိမ်းချမ်းရေးကို သိက္ခရှိရှိရနိုင်ဖို့အတွက် အပစ်ခတ် ရပ်စဲရေးကို ဖြတ်ရမှာကို။ ဒါကြောင့် အပစ်ခတ်ရပ်စဲရေးမှာ အလားအလာ ဘယ်လိုရှိလဲ။ ဆွေးနွေးချက်တွေ ဘယ်လိုဖြစ်လဲပေါ့။ သူတို့လည်းပဲ သတင်းမေးတယ်။ အကြံဉာဏ်ပေးကြတယ်။ အဲဒီလောက် ပါပဲ။”

ဒီတွေ့ဆုံပွဲမှာ ဦးခွန်ထွန်းဦးအနေနဲ့ ရှမ်း SSJAC – Shan state join action committee ရဲ့ ဥက္ကဋ္ဌအနေနဲ့ရော ယူအန်အေ ဥက္ကဋ္ဌအဖြစ်နဲပါ လာရောက်တွေ့ဆုံတာဖြစ်တယ်လို့ ပြောပါတယ်။

ဒီတွေ့ဆုံမှအတွင်း ယူအန်အက်စီအပေါ် အစိုးရတာဝန်ရှိသူတွေက သံသယ၀င်တဲ့ကိစ္စကို အဓိက လာရောက်မေးမြန်းတာဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။

“အဓိကကတော့ ယူအန်အက်ဖ်စီအပေါ်မှာ ယူပီဒဗလျူဘက်က ညှိနှိုင်းလို့ မရတဲ့အချက်တွေက ဥပမာ - ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ဘယ်လိုမျိုး သူတို့ သံသယ၀င်လဲပေါ့နော် အဲဒါကို သူတို့ကို လာရှင်းပြတဲ့ သဘောပါ။ ကာကွယ်ရေးဦးစီးချုပ် ဂျပန်မသွားခင်လေးမှာ သူ့ဘက်က သတင်းမှားတွေ ရတာပေါ့နော်။ အဲဒါ ၁ အချက်က ယူအန်အက်စ်စီ၊ ယူအန်အေ၊ အန်အယ်ဒီ ဒီ ၃ ခုပေါင်းပြီးတော့မှ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးတဲ့အခါမှာ ၂၀၁၅ ကျော်လွန်ပြီးမှ ၂၀၁၆ မှ လက်မှတ်ထိုးဖို့ အချင်းချင်း သံဓိဋ္ဌာန်ချထားပြီး သဘောတူချက်ရထားတယ်ပေါ့။ အဲဒီသတင်းတွေ ဟာ အမှန်ပဲလား မှားနေသလားဆိုတာကို ကျနော်တို့ သူတို့ကို လာပြောပြတာပေါ့။ ကာကွယ်ရေးဦးစီးချုပ်ကြီးက စိတ်ပူနေတယ်ဆိုတော့ သူတို့ကလည်း မဟုတ်ပါဘူးပေါ့။ မဟုတ်ဘူးဆိုတာက ယူအန်အေနဲ့ အန်အယ်ဒီ ပြီးတော့ ယူအန်အက်ဖ်သီ အစရှိတဲ့ ပုဂ္ဂိုလ်တွေက တခါမှ တွေ့ဆုံပြီး မတွေ့ဖူးဘူးပဲ။ ဆိုတော့ မဟုတ်ဘူးဆိုတာ ထင်ရှားနေပါတယ်။”

ဒီတွေ့ဆုံပွဲမှာ ယူအန်အက်ဖ်စီဘက်ကတော့ ဥက္ကဋ္ဌ အန်ဘာလ၊ ဒု-ဥက္ကဋ္ဌ နဲ့ အထွေထွေ အတွင်းရေးမှူးဖြစ်တဲ့ ခူးဦးရယ်၊ ဦးခွန်ဥက္ကာနဲ့ စလိုင်းထလာဟေးတို့ လက်ခံတွေ့ဆုံကြတယ်လို့ ပြောပါတယ်။ မြန်မာပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဒီလို အလားတူ တွေ့ဆုံမှုမျိုး မကြာခဏ ပြုလုပ်ဖို့ လိုအပ်တယ်လို့လည်း နှစ်ဖက်ခေါင်းဆောင်တွေက ပြောဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ရှမ်းပါတီကြီး ၂ ခုနဲ့ ရှမ်းတိုင်းရင်းသား လက်နက် အဖွဲ့ ၃ ခုတို့ ညီညွတ်ရေးအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး တွေ့ဆုံချိန်ကစပြိး အမျိုးသားရေး ပြည်နယ်နဲ့ ပြည်ထောင်စုအရေးတွေမှာ အတူတကွပူးပေါင်း လက်တွဲဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013