Home
မြန်မာသတင်း
ဒီကေဘီအေ သိမ်းဆည်းခဲ့သည့် လက်နက်များ အစိုးရတာဝန်ရှိသူများထံ ပြန်အပ်
DVB
·
October 6, 2014
ပြီးခဲ့တဲ့ လကုန်ပိုင်းက မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းမှာ ဒီမိုကရေ စီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ)တပ်က သိမ်းဆည်းခဲ့တဲ့ အစိုးရတပ်ဖွဲ့ဝင်တွေရဲ့ လက်နက် တွေကို ဒီကနေ့ ပြန်လည်အပ်နှံခဲ့ပါတယ်။ လွန်ခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့က ဒီကေဘီအေ ကလိုထူးဘော ဗျူဟာဌာန လက်အောက် ဗိုလ်မှူး ၀င်းဇော်လင်း အခြေပြုရာနေရာကို အစိုးရတာဝန်ရှိသူ တွေက ၀င်စစ်ဆေး တဲ့အပေါ် ဗိုလ်မှူး ၀င်းဇော်လင်းက စစ်ဆေးတဲ့ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) နဲ့ ရဲ စုစုပေါင်း ၈ ဦးကို ဖမ်းဆီးခဲ့ကြောင်းပြီး သူတို့နဲ့အတူ ပါဝင်တဲ့လက်နက်တွေကို သိမ်းဆည်း ခဲ့ပါတယ်။ dkbaဖမ်ဆီးထားသူတွေကို နောက်တနေ့မှာ ပြန်လွတ်ပေမယ့် လက်နက်တွေကိုပြန်မပေးဘဲ သိမ်းဆည်းထားခဲ့ပါတယ်။ ဒီလက်နက်တွေကို ပြန်အပ်ဖို့ ဒီကေဘီအေက ဗိုလ်မှူးစောဆန်း အောင်နဲ့ အစိုးရတပ်ဘက်က ဗျူဟာမှူးအပါအ၀င် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က တာဝန်ရှိသူတွေ တွေ့ဆုံပြီး လကန်ကတွေပြန်လည်း အပေးအပ်ဖို့ သဘောတူညီခဲ့ပါတယ်။ ဒီကနေ့မှာတော့ စကခ ၁၂ မှူးကို ပြန်လည်အပ်နှံမှာဖြစ်တယ်လို့ ဒီကေဘီအေ မြ၀တီရုံး ဆက်ဆံရေးတာဝန်ခံ ဗိုလ်ကြီးစောမိုးမြင့်က ပြောပါတယ်။ “ကျနော်တို့ ဒုတိယ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စောမူစေးကတော့ ကော့ဂရိတ်တပ်မ စကခ ၁၂ ကို ရောက်ရှိနေပါပြီး။ လက်နက်တွေ ပြန်လည် ပေးအပ်ရန်အတွက် သဘော တူညီချက်တွေနဲ့ အားလုံးပြန်လည် ပေးအပ်မှာဖစ်တယ်။ အဖိုး (ဗိုလ်ချုပ်ကြီးစောလားဘွယ်) ကတော့ သူများလက်နက်တွေကို ငါတို့ မယူဘူး ပြန်ပေးမှာပါ။ အဖိုးကလည်း ညွန်ကြားထားပြီး ပါပြီ။ အားလုံးကိုလည်း စစ်ပွဲထပ်မဖြစ်ပေါ်ရေး၊ တဖက်နဲ့တဖက် သဘောထားမှန်စွာနဲ့ ပြန်လည် သင့်မြတ်အောင် ဆောင်ရွက်ကြဖို့ အဖိုးက မှာကြားပါတယ်။” အောက်တိုဘာလ ၄ ရက်နေ့က ဒီကေဘီအေ ဗိုလ်မှူးစောဆန်းအောင် အပါအ၀င် ဒုစစ်ဦးစီးချုပ်နဲ့ တပ်မမှူးတို့ဟာ အစိုးရတပ်နဲ့ တွေ့ဆုံပြီး ဒီကေဘီအေက သိမ်းယူထားတဲ့ လက်နက်တွေကို ပြန်လည်ပေးအပ်ဖို့အတွက် အစိုးရတပ်က ကမ်းလှမ်းထားပါတယ်။ ဒီနောက်အခုလို လက်နက်တွေပြန်အပ်ပြီး မိမိအခြေနေရာကို နေထိုင်နိုင်ဖို့ သဘောတူညီကြတာ ဖြစ်ပါတယ်။ ဒီလို ညှိနှိုင်းဆောင်ရွက်ပြီး လာမယ့် ရက်ပိုင်းတွေမှာလည်း ဒီကေဘီအေ တာဝန်ရှိသူတွေ အနေနဲ့ နိုင်ငံတော်အကြီးအကဲတွေနဲ့ သွားရောက်တွေ့ဆုံဖို့ရှိတယ်လို့လည်း ဗိုလ်ကြီး စောမိုးမြင့် က ပြောပါတယ်။ တွေ့ဆုံမယ့် ရက်ကိုတော့ နောက်ပိုင်းမှာ ထုတ်ပြန်သွားမယ်လို့ပြောပါတယ်။ ဒီကေဘီအေ အဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့ဖြစ်ပြီး လက်ရှိမှာ အစိုးရနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ဖို့ ပါဝင်ဆွေးနွေး နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024