အီးဗီဇာ ၂၄ နိုင်ငံတိုး ပြည်ဝင်ခွင့်ပြု
DVB
·
October 6, 2014
အစိုးရဟာ နိုင်ငံပေါင်း ၄၃ နိုင်ငံက အလည်အပတ် ခရီးသည်တွေကို E-Visa စနစ်နဲ့ ပြည်ဝင်ခွင့်ပြုခဲ့ရာကနေ ခုချိန်အခါ ၂၄ နိုင်ငံ ထပ်တိုးပြီး စုစုပေါင်း ၆၇ နိုင်ငံက ခရီးသည်တွေကို ၀င်ခွင့်ပြုခဲ့ပြီလို့ ကြေငြာပါတယ်။ အခု ထပ်ပြီး ခွင့်ပြုလိုက်တဲ့နိုင်ငံတွေထဲမှာ ဥရောပနဲ့ အာဖရိက နိုင်ငံတွေက အများစု ပါဝင်ပါတယ်။
လက်ရှိ အီးဗီဇာစနစ်နဲ့ လျှောက်ထားသူ စုစုပေါင်း ၆၀၀၀ ကျော်ကို ခွင့်ပြုခဲ့ပြီး ၁၅၀၀ နီးပါးက ၀င်ရောက်ခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
အစိုးရအနေနဲ့ အီးဗီဇာကို ခွင့်ပြုလိုက်တာကြောင့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည် ၀င်ရောက်မှု ပိုများလာမယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက မျှော်မှန်းထားပါတယ်။
အီးဗီဇာစနစ် ခွင့်ပြုပြီးနောက် ဆိုက်ရောက်ဗီဇာ ထုတ်ပေးတာကိုတော့ ရပ်ဆိုင်း လိုက်ကြောင်း သိရပါတယ်။