DVB Logo
Home
မြန်မာသတင်း
ဒီကေဘီအေ တပ်ဖွဲ့နှင့် အစိုးရစစ်တပ် တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေး
DVB
·
October 6, 2014
ဒီကေဘီအေ တပ်ဖွဲ့နှင့် အစိုးရစစ်တပ် တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေး
Donate to DVB

san-aungအောက်တိုဘာ ၆ ရက် မနက် ၁၀ နာရီမှာ ဒီကေဘီအေက ဗိုလ်မှူးစောဆန်းအောင်နဲ့ အစိုးရတပ်ဘက်က ဗျူဟာမှူးအပါအ၀င် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က တာဝန်ရှိ သူတွေ တွေ့ဆုံပြီး လက်နက်တွေ ပြန်လည်လဲယူဖို့အတွက် ညှိနှိုင်းဆွေးနွေးမယ်လို့ ဗိုလ်မှူး စောဆန်းအောင်က ပြောပါတယ်။

အောက်တိုဘာ ၄ ရက်နေ့က ဒီကေဘီအေ ဗိုလ်မှူးစောဆန်းအောင် အပါအ၀င် ဒုစစ်ဦးစီးချုပ်နဲ့ တပ်မမှူးတို့ဟာ အစိုးရတပ်နဲ့ တွေ့ဆုံပြီး ဒီကေဘီအေက သိမ်းယူထားတဲ့ လက်နက်တွေကို ပြန်လည်ပေးအပ်ဖို့အတွက် အစိုးရတပ်က ကမ်းလှမ်းထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဒီကေဘီအေနဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး ဒီကေဘီအေက အစိုးရတပ်ဘက်က လက်နက်တွေကို သိမ်းယူထားလိုက်ခြင်း ဖြစ်ပါတယ်။

အခု ဖြစ်ပွားခဲ့တဲ့တိုက်ပွဲဟာ ငြိမ်းချမ်းရေးပျက်စီးစေမယ့် သေနတ်သံမဟုတ်ဘဲ အောက်ခြေမှာ မတရားဖိနှိပ်မှုတွေကို တိုင်းသိပြည်သိ ကမ္ဘာသိဖြစ်အောင်ဆန္ဒတွေ ထုတ်ဖော်ပြတာ ဖြစ်တယ်လို့ ဗိုလ်မှူးစောဆန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013