DVB Logo
Home
မြန်မာသတင်း
မအူပင်လွှတ်တော်အမတ် ပြည်သူများအား လွှတ်တော်အတွေ့အကြုံ ရှင်းလင်း
DVB
·
October 5, 2014
မအူပင်လွှတ်တော်အမတ် ပြည်သူများအား လွှတ်တော်အတွေ့အကြုံ ရှင်းလင်း
Donate to DVB

မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းရဲ့ ဒသမ အကြိမ်မြောက် ပြည်သူ့ လွှတ်တော် အတွေ့အကြုံရှင်းလင်းပွဲကို အောက်တိုဘာ ၅ ရက်နေ့ မနက်ပိုင်းက မအူပင်မြို့ တိုးရွှေဝါ ခန်းမမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

IMG_20141005_101638ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံး အကောင်အထည် ဖော်မယ့်အပေါ် လွှတ်တော်တွင်း ဆွေးနွေးချက်များ အပါအဝင် မအူပင် မြို့နယ် ဒေသဖွံ့ဖြိုးရေးနဲ့ သိမ်းဆည်းခံ လယ်ယာမြေများအတွက် လွှတ်တော်တွင်း မေးမြန်းဆောင်ရွက်ထားခဲ့တဲ့ အခြေအနေတွေကို ရှင်းလင်း တင်ပြခဲ့ပါ တယ်။

အခုပြုလုပ်တဲ့ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲကို မအူပင်မြို့နယ် စီမံခန့်ခွဲရေး ကော်မတီက မအူပင်မြို့နယ် မဲဆန္ဒရှင် တောင်သူများသာမကပဲ ပန်းတနော်၊ ကျောင်းကုန်း၊ မြောင်းမြ၊ လပွတ္တာ၊ ဝါးခယ်မ အပါအဝင် အခြားမြို့နယ်များက တောင်သူတွေနဲ့ ပုဂ္ဂိုလ်တွေကို ဖိတ်ကြား ထားတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အောက်တိုဘာလ ၂ ရက်နေ့မှာ ခွင့်မပြုကြောင်း ဦးစိန်ဝင်းကို အကြောင်းကြားခဲ့ပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့ ညပိုင်းမှာတော့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းထံ လွှတ်တော် အတွေ့အကြုံရှင်းလင်းပွဲ ပြုလုပ်မယ့် ကိစ္စကို ခွင့်ပြုကြောင်း ပြန်လည် အကြောင်းကြားခဲ့တယ်လို့ ကာယကံရှငိက ဒီဗွီဘီကို ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013