Home
မြန်မာသတင်း
ဗြိတိသျှစုံတွဲ အသတ်ခံရမှု လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် မြန်မာအလုပ်သမားအဖွဲ့ တောင်းဆို
DVB
·
October 5, 2014
1655881_1541740519391658_6919278869261738109_n
ဗြိတိသျှ စုံတွဲ ၂ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပက်သက်လို့ တရားစွဲဆို ခံထားရတဲ့ မြန်မာ ၂ ဦးအပေါ်မှာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ မြန်မာအလုပ်သမားအဖွဲ့တခုက တောင်းဆိုထားကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။ ထိုင်းရဲတွေဟာ လူသတ်မှုအတွက် အစွပ်စွဲခံရတဲ့ မြန်မာအလုပ်သမား ၃ ဦးကို စစ်ဆေးတဲ့ အခါမှာ ရိုက်နှက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ထိုင်းအခြေစိုက် နိုင်ငံခြားသတင်းထောက် Andrew Drummond က မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာအဖွဲ့က တာဝန်ရှိသူ ကိုးကားပြီး ရေးသားထားတာကို ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။ 1655881_1541740519391658_6919278869261738109_nထိုင်းရဲတပ်ဖွဲ့ကတော့ မြန်မာ ၂ ဦးရဲ့ ဒီအန်အေ စစ်ဆေးချက်တွေမှာ သေဆုံးသူ ၀ှစ်သာရစ်ရဲ့ ကိုယ်ပေါ်မှာ တွေ့ရတဲ့ ဒီအန်အေ နမူနာတွေနဲ့ ကိုက်ညီပြီး ၀န်ခံထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာအလုပ်သမား နှစ်ယောက် သတ်တယ်ဆိုတာကို မယုံကြည်နိုင်တဲ့အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့နဲ့ ထိုင်းရဲတပ်ဖွဲ့က အတည်ပြုထားတဲ့ ဒီအန်အေ အပေါ်မှာမှာလည်း စစ်ဆေးမှုတွေ လုပ်ဖို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအဖွဲ့က မြန်မာသံရုံးကို တောင်းဆိုထား ပါတယ်။ ဘန်ကောက် မြန်မာသံရုံးက ကိုယ်စားလှယ်အဖွဲ့ဟာ အစွပ်စွံခံရသူတွေနဲ့ ဒီကနေ့ အောက်တိုဘာ ၅ ရက်နေ့မှာ သွားရောက် တွေ့ဆုံမေးမြန်းမှာ ဖြစ်ပါတယ်။ လူသတ်မှု တရားခံဟာ မြန်မာ နိုင်ငံသား မဟုတ်ဘူးလို့ ထိုင်း ပညာတတ် အသိုင်းအ၀န်းနဲ့ နိုင်ငံခြားသားတွေ ယုံကြည်ကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြတဲ့ သတင်းအောက်က မှတ်ချက်တွေမှာ ရေးသားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024