ရှမ်းနိုင်ငံရေးအင်အားစုတွေ ဘုံသဘောတူညီချက် ၃ ချက်ရရှိ
DVB
·
October 4, 2014

[caption id="attachment_66845" align="alignright" width="300"]
ဓာတ်ပုံ - Yawd Muang Sanloi[/caption]ရှမ်းပါတီကြီး ၂ ခုနဲ့ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့တို့ ပထမအကြိမ်ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၃ ရက်ကြာ ကျင်းပခဲ့ပြီး သဘောတူညီချက် ၃ ချက် ရရှိခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)နဲ့ စိန်ကျော့ဌာနေပြည်သူ့စစ် (SSA)တို့ အောက်တိုဘာ ၂ရက်ကနေ ၄ရက်အထိ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲနဲ့ပတ်သက်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းလိတ်ကို ကျနော် ဆက်သွယ်မေးမြန်းထားပါတယ်။
