LC/TT စနစ်နဲ့ ကားတင်သွင်းရင် ကြိုက်သလောက် သွင်းနိုင်

ရန်ကုန်မြို့တွင် ကျင်းပတဲ့ ကားအရောင်းပြခန်းတခုအား တွေ့မြင်ရစဉ်
[caption id="attachment_47198" align="alignright" width="300"]ရန်ကုန်မြို့တွင် ကျင်းပတဲ့ ကားအရောင်းပြခန်းတခုအား တွေ့မြင်ရစဉ် ရန်ကုန်မြို့တွင် ကျင်းပတဲ့ ကားအရောင်းပြခန်းတခုအား တွေ့မြင်ရစဉ်[/caption]ရန်ကုန်မြို့မှာ ကားပြခန်း Showroom ဖွင့်လှစ်ထားသူတွေအနေနဲ့ လက်ရှိ Consignment အကြွေးယူစနစ် နဲ့ တင်သွင်းနေရာကနေ Letter of Credit/ Telegraph Transfer LC/TT စနစ်နဲ့ တိုက်ရိုက် ၀ယ်ယူတင်သွင်းမယ် ဆိုရင် အစီးရေ အကန့်အသတ်မရှိ တင်သွင်းခွင့် ပြုမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။ လက်ရှိ အကြွေးစနစ်နဲ့ ၀ယ်ယူတဲ့ ကားပြခန်းတွေကတော့ ကားအစီးရေ စုစုပေါင်း ၂၀၀ ထက် ပိုပြီး တင်သွင်းခွင့် မပြုဖို့ ကန့်သတ်ထားပါတယ်။ အရင်က အကြွေးစာရင်းနဲ့ ကားတင်သွင်းလိုသူတွေအနေနဲ့ အစိုးရဆီမှာ ဒေါ်လာ ၁ သိန်းခွဲ အပေါင်ထားရပြီး အခု LC/TT စနစ်နဲ့ တင်သွင်းမယ် ဆိုရင်တော့ အပေါင်ငွေ ထားဖို့ မလိုတော့ဘူးလို့ ၀န်ကြီးဌာနရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

More News
Up