DVB Logo
Home
မြန်မာသတင်း
မိကျောင်းကန်ဆန္ဒပြသမားတွေ သပိတ်စခန်း ဆက်ဖွင့်ထားမည်
DVB
·
October 3, 2014
မိကျောင်းကန်ဆန္ဒပြသမားတွေ သပိတ်စခန်း ဆက်ဖွင့်ထားမည်
Donate to DVB

ရန်ကုန်မြို့လယ်ခေါင် မဟာဗန္ဓုလပန်းခြံနားမှာဖွင့်ထားတဲ့ မိချောင်းကန်သပိတ်စခန်းကို အောက်တိုဘာလ ၃ ရက်နေ့မှာ ဖျက်ပေးဖို့ ကျောက်တံတား ရဲစခန်းနဲ့ စည်ပင်သာယာဌာနက ညွန်ကြားထားပေမယ့် သပိတ်မှောက်နေသူတွေကကတော့ ဖျက်မပေးပဲ ဆက်လက် ဆန္ဒပြ နေကြပါတယ်။

မိကျောင်းကန်သပိတ်စခန်းကို ဖွင့်ထားတာ ရက် ၂၀၀ လောက်ရှိပြီဖြစ်ပြီး ခုထိ တောင်းဆိုတာ တွေကို ပြေလည်အောင် မညှိနှိုင်းပေးတဲ့အတွက် သပိတ်စခန်းကို ဆက်လက်ဖွင့်ထားကြတာ လည်း ဖြစ်ပါတယ်။

သက်ဆိုင်ရာက ဒီနေ့မှာ အမိုးအကာတွေ ဖယ်ပေးဖို့ ပြောထားပြီး ညနေ ၃ နာရီအထိ တစုံတရာ ထူးခြားတာမျိုး မရှိသေးပေမယ့် ညပိုင်းအချိန်တွေမှာ အာဏာပိုင်တွေက သပိတ်စခန်းကို ၀င်ရောက်ဖြိုခွင်းမှာကိုတော့ မိကျောင်းကန်ပြည်သူတွေက စိုးရိမ်နေကြပါတယ်။

မိကျောင်းကန်သပိတ်စခန်းက မစောစန္ဒာပြောတာကတော့ “လူသွား စင်္ကြန်ပေါ်မှာ အဆောက်အဦတွေ ဆောက်ထားတဲ့အတွက် အဲဒါတွေ ဖျက်သိမ်းပေးဖို့ စည်ပင်က မေတ္တာရပ်ခံ တာပေါ့။ အစ်မတို့ကလည်း အဲဒါကို လက်မခံနိုင်ပါဘူး။ လက်မနိုင်ဘူးဆိုတာက အစ်မတို့မှာ ဘိုးဘွားတွေ သက်ကြီး ရွယ်အိုတွေ ရှိတယ်လေ။ ရာသီဥတုဒဏ်ကို ကာကွယ်ဖို့ အမိုးအကာ ရှိမှ ဖြစ်မှာလေ။ သူတို့ ဘယ်လိုပဲလုပ်လုပ် အစ်မတို့ ပြည်သူတွေမှာ လက်နက်လည်းမရှိဘူး။ ပြည်သူဆိုတာ လုပ်သမျှခံရမှာပဲလေ။ အစ်မတို့က မတုံ့ပြန်ပါဘူး။ သူတို့လာပြီး ဖျက်ရင်လည်း ခံရမှာပေါ့နော်။”

MiKyaungKan101မိကျောင်းကန်ပြည်သူတွေ တောင်းဆိုတာတွေကို သက်ဆိုင်ရာက ပြန်လည်ညှိနှိုင်းပေးဖို့ လာရောက်ပြောဆိုတာမျိုးလည်း လုံးဝ မရှိသေးကြောင်းလည်း ပြောပါတယ်။

ဆန္ဒပြနေသူတဦးဖြစ်တဲ့ မနေနွယ်ကတော့ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်တဲ့ ပြည်သူတွေကို သက်ဆိုင်ရာက ဖြေရှင်းနေတဲ့နည်းလမ်းတွေက မမှန်ကန်ကြောင်း ခုလို ပြောပါတယ်။

“ဒီလိုဖြေရှင်းနည်းက လုံးဝမမှန်ကန်ဘူးလို့ ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေက ငြိမ်းချမ်းစွာ တောင်းဆိုနေတာက အစိုးရက ပြေလည်အောင် ဖြေရှင်းပေးမယ့် နည်းကို စောင့်ဆိုင်းနေတဲ့အတွက် သူတို့ဘက်ကနေပြီး ဒီလိုမျိုးဖြေရှင်းတဲ့ နည်းလမ်းမကျတဲ့ ပုံစံမျိုးတွေ လုပ်လာမယ်ဆိုရင် ပြည်သူတွေက လုံးဝ လက်သင့်ခံမှာ မဟုတ်ဘူးရှင့်။ သူတို့ ဖယ်ဆိုပြီး မဖယ်ပေးတဲ့အတွက် ၁ ရက် ၂ ရက်အတောအတွင်းမှာ ညကြီးအချိန်မတော် ထပ်ပြီး ၀င်လာဦးမယ်လို့ မြင်နေတယ်။”

သင်္ဃန်းကျွန်းမြို့နယ်တွင်း စစ်တပ်က သိမ်းထားတဲ့မြေတွေ ပြန်လည်ရရှိရေး အတွက် မိကျောင်းကန် ပြည်သူတွေက မဟာဗန္ဓုလပန်းခြံမှာ ၂၀၁၄ မတ်လကတည်းက သပိတ်စခန်းဖွင့် တောင်းဆို နေတာဖြစ်ပြီး ၂၀၁၄ မတ်လ ၃၀ ရက်နေ့ မနက် ၃ နာရီအချိန်မှာ မိကျောင်းကန်သပိတ်စခန်းကို အစိုးရအာဏာပိုင်တွေက အင်အားသုံး ဖြိုဖျက်ခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013