DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲစနစ်များကို ပြည်သူသိရန် မီဒီယာများမှ ရှင်းပြဖို့လို
DVB
·
October 3, 2014
ရွေးကောက်ပွဲစနစ်များကို ပြည်သူသိရန် မီဒီယာများမှ ရှင်းပြဖို့လို
Donate to DVB

ရွေးကောက်ပွဲ စနစ်တွေ အကြောင်းကို မီဒီယာတွေအနေနဲ့ သေသေချာချာရှင်းပြဖို့ လိုတယ်လို့ လွှတ်တော်ကဖွဲ့စည်းပေးထားတဲ့ ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်မောင်ဦးက ပြောပါတယ်။

[caption id="attachment_53519" align="alignright" width="300"]၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲများ ရေတွက်နေစဉ် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲများ ရေတွက်နေစဉ်[/caption]မြန်မာပြည်နဲ့ သင့်တော်မယ့် ရွေးကောက်ပွဲစနစ် အနည်းဆုံး ၇ ခု ရွေးချယ်ပြီး လာမယ့် အောက်တိုဘာလ ၂၁ ရက် နောက်ဆုံးထား လွှတ်တော်မှာ တင်ပြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်ကော်မရှင်ကို ညွန်ကြားထားတာပါ။

ကော်မရှင်က လေ့လာပြီးတင်ပြခဲ့တဲ့ ရွေးကောက်ပွဲစနစ်တွေအကြောင်းကိုတော့ ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးလွှတ်တော် ကော်မရှင် ဥက္ကဋ္ဌ ဦးတင်မောင်ဦးက ဒီဗွီဘီ ကို အခုလို ပြောပါတယ်။

“ကမ္ဘာမှာ ရွေးကောက်ပွဲစနစ်ပေါင်း ၁၀၀ ကျော်လောက်ရှိတယ်။ ပီအာဆိုတာ အဲဒီထဲက အသေးတခုပါ။ အခုပေးထားတဲ့ စနစ်ကတော့ အမျှတဆုံးပဲ။ လူဟောင်းတွေက FTPT ကြိုက်တယ်။ အသစ်တွေက ပီအာကြိုက်တယ်။ FTPT ကြိုက်တဲ့သူတွေက FTPT တခု၊ ပီအာ ပြောနေတဲ့သူတွေက ပီအာတခု၊ နှစ်ခုလုံးမျှတအောင် တယောက် တ၀က်က တခု အဲဒီ ၃ ခုပေးလိုက်တယ်။ အဲဒါကို နည်းတယ်ဆိုရင် ထပ်ရှာရမှာပေါ့။ ဒီထက်မျှတာ မရှိဘူး။ မြန်မာနိုင်ငံမှာ အမှန်တကယ် ဖွံ့ဖြိုးဖို့အတွက်ဆိုရင် ဒီပါလီမန်ထဲမှာ နိုင်ငံရေးပါတီအသီးသီး ရောက်နေရမယ်၊ တိုင်းရင်းသားတွေလည်း ရောက်နေရမယ်။ အဲဒီစနစ်ကို ရွေးမှ ဖြစ်မယ်။ ပီအာ ဆိုတာ အဲဒီက စနစ်တခု နာမည်ဖြစ်တယ်။ ပီအာကို အသုံးမလိုဘူးလို့ ဘယ်သူမှ မပြောဘူး။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပီအာနဲ့ ပေါင်းစပ်ပြီး သုံးရတယ်။ သူတို့နိုင်ငံမှာလည်း ပီအာ အကုန်လုံးကို သုံးလို့မရဘူး။”

နောင်လာမယ့် ရွေးကောက်ပွဲတွေကျရင် ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်တွေ ရွေးချယ်ရာမှာ စနစ်သစ်နဲ့ ပြောင်းလဲကျင့်သုံးဖို့ လွှတ်တော်က ဆွေးနွေး လုပ်ဆောင်နေကြ တာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေကတော့ ပြောင်းဖို့ အချိန်မတန်သေးဘူးဆိုပြီး ကန့်ကွက်ထားတာပါ။

လွှတ်တော်ကော်မရှင်ဥက္ကဋ္ဌ ဦးတင်မောင်ဦးကတော့ ရွေးကောက်ပွဲစနစ် ပြောင်းပေမယ့် ပြည်သူများ မဲပေးရန် မခက်ခဲတဲ့အကြောင်းနဲ့ ရွေးကောက်ပွဲစနစ်တွေကို ပြည်သူတွေ သိရှိဖို့ အတွက် မီဒီယာတွေက လုပ်ဆောင်ပေးဖို့လိုတယ်လို့ အခုလို ပြောပါတယ်။

“နံပတ် ၁ ကတော့ အဲဒီအမျိုးအစားအများကြီးကို ပြည်သူလူထု သိအောင် လုပ်ရမယ်။ သို့သော် မြန်မာနိုင်ငံအနေနဲ့ အမျိုးအစားအများကြီး သိဖို့ မလိုဘူး။ ၄၊ ၅ မျိုးကိုတော့ တကယ်သိအောင် ဂျာနယ် အသီးသီးက မီဒီယာတွေက ပြည်သူကို အချက်အလက်ပေးရမယ်။ အခုပြောနေတဲ့ FTPT ဆိုတာဘာလဲ။ အတိုကောက်က ဘာခေါ်လဲ၊ အနှစ်ချုပ်က ဘာလဲ။ ဘယ်နိုင်ငံတွေမှာ ကျင့်သုံးလဲ၊ ဘာကြောင့် ကျင့်သုံးလဲ။ အဲလိုဟာတွေ မပေးပဲနဲ့ဆိုရင် လူတွေက ပီအာကြီးပဲ ဇောင်းပေးပြီးတော့ ပီအာမကောင်းဘူးပေါ့။ ပီအာ ဘာမကောင်းတာလဲ။ ပီက ဘာလဲ၊ အာ က ဘာလဲ။ မြန်မာလိုက ဘာလဲ၊ သူ့ရဲ့ အနှစ်သာရက ဘာလဲ။ အဲဒီလိုကျင့်သုံးတဲ့ နိုင်ငံတွေက ဘာတွေလဲ၊ ဘယ်နှနိုင်ငံက ကျင့်သုံးလဲ။ စသဖြင့် ကောင်းတဲ့စနစ်ကို ရှာကြတာဖြစ်ပါတယ်။”

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူတွေသိဖို့က မီဒီယာတွေမှာမက အားလုံးမှာ တာဝန်ရှိတဲ့အကြောင်း အခုလို ပြောပါတယ်။
“ပြည်သူတွေ မသိဘူးဆိုတာက သေသေချာချာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အားလုံးကို ရွေးကောက်ပွဲ ပညာပေးစနစ်ကြီးကို ကောင်းကောင်း မလုပ်နိုင်လို့ ဘယ်စနစ်က သိပ်ကြီးကျယ်တယ်၊ သိပ်ခက်ခဲတဲ့ကိစ္စတွေ မရှိပါဘူး။ ပြည်သူတွေကို မဲပေးတဲ့ စနစ်အသိပညာ ဖြန့်ဖြူးပေးဖို့ဆိုတာ ဘယ်အဖွဲ့အစည်းမဆို အစိုးရမှ မဟုတ်ဘူး။ အစိုးရရော၊ အန်ဂျီအိုတွေရော နိုင်သူပေါင်းစုံကရော အားလုံးလုပ်ပေးရမှာပေါ့။”

မြန်မာပြည်မှာ လက်ရှိအသုံးပြုနေတဲ့ နိုင်သူအကုန်ယူ ရွေးကောက်ပွဲစနစ်ကနေ ပီအာခေါ် အချိုးကျ ကိုယ်စားပြုစနစ်နဲ့ ရွေးချယ်ဖို့ ကိုယ်စားလှယ်တယောက်က အဆိုပြုလာတဲ့ နောက်ပိုင်း မှာ မြန်မာနိုင်ငံနဲ့ သင့်တော်မယ့် ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေး ကော်မရှင်ကို ပြည်သူ့ လွှတ်တော်က ဇူလိုင်လကုန်ကတည်းက ဖွဲ့စည်းဆောင်ရွက်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013