DVB Logo
Home
မြန်မာသတင်း
အမုန်းစကားမပြန့်ပွားရေး အမေရိကန်-မြန်မာ ပူးပေါင်းကာကွယ်တားဆီးမည်
DVB
·
October 3, 2014
အမုန်းစကားမပြန့်ပွားရေး  အမေရိကန်-မြန်မာ ပူးပေါင်းကာကွယ်တားဆီးမည်
1 / 2
Donate to DVB

အွန်လိုင်း အင်တာနက်စာမျက်နှာတွေမှာ အမုန်းစကားမပြန့်ပွားရေးအတွက် အမေရိကန်နဲ့ ပူးပေါင်းပြီး ကာကွယ်တားဆီးဖို့ ရှိနေပါတယ်။

မြန်မာပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နဲ့ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်တို့ ဒီမနက်မှာတွေ့ဆုံပြီး အင်တာနက်မှာ အမုန်းတရားပွားများစေတဲ့ ရေးသားချက် တွေကို ကာကွယ်တားဆီးဖို့အတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြတာပါ။

10392588_645688165544789_1660735832228558684_nပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကတော့ လာမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မီဒီယာ စီမံခန့်ခွဲမှု ကိစ္စတွေ၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေအပါအ၀င် အင်တာနက်မှာ အမုန်းတရားပွားများစေတဲ့ ရေးသားချက်တွေကို ကာကွယ်တားဆီးဖို့ ဆွေးနွေးခဲ့ပြီး အသေးစိတ်ကို ဆက်ဆွေးနွေးရမယ်လို့ ဒီဗွီဘီ ကို ပြောပါတယ်။

“လာမယ့် အာဆီယံထိပ်သီး အစည်းအဝေးမှာ မီဒီယာစီမံခန့်ခွဲမှု ဆိုင်ရာ ကိစ္စတွေ၊ ဒီနှစ် အတွင်းမှာ ကျနော်တို့အခုလုပ်နေတဲ့ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးနဲ့ လာမယ့် အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက်မှာ ကျင်းပမယ့် မဏ္ဍိုင် ၄ ရပ်အကြား ဆွေးနွေးပွဲကရော ပေါ်လာမယ့် ဆွေးနွေးချက် တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ အမေရိကန်နိုင်ငံနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မယ့် အလားအလာပေါ့။ နောက်တခုကတော့ အမုန်းစရာပေါ့ဗျာ။ အမုန်းပွားများ စေမယ့် ရေးသားချက်တွေ အင်တာနက်မှာ ပျံ့နေတာနဲ့ ပတ်သက်လို့ ကာကွယ်တားဆီးနိုင်မယ့် အလားအလာတွေပေါ့။ ဒါတွေကို ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတာ ဆွေးနွေးပါတယ်။ နှစ်ဘက် ဆက်လုပ်မယ်ဆိုတဲ့ အခြေခံမူတော့ သဘောတူခဲ့တာပေါ့။ အသေးစိတ် အခြေအနေက တော့ ဆက်ပြီး လုပ်ရဦးမှာပေါ့။ ”

ပြန်ကြားရေးဝန်ကြီးဌာနနဲ့ အမေရိကန်သံရုံးတို့ ပူးပေါင်းကာ ယခင်က အမုန်းစကားမပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး လူငယ်တွေအနေနဲ့ အင်တာနက်သုံးတဲ့အခါမှာ လိုက်နာသင့် နားလည်သင့်တဲ့ အချက်တွေ ပညာပေးဆောင်ရွက်ဖို့ရှိတယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က အခုလို ပြောပါတယ်။
“မနှစ်က ကျနော်တို့နဲ့ အမေရိကန်သံရုံးနဲ့ ပေါင်းပြီးတော့ အလုပ်ရုံဆွေးနွေးပွဲတခု လုပ်ခဲ့တာ ရှိတယ်။ အဲဒီနောက်ပိုင်းမှာ လူထုအခြေပြု အဖွဲ့အစည်းတွေက ဦးစီးပြီးတော့မှ ပန်းစကားလို လှုပ်ရှားမှု ရှိပါတယ်။ ဒီနှစ်မှာလည်း အဲဒီလိုမျိုး အလုပ်ရုံဆွေးနွေးပွဲတွေ နောက်ပြီးလို့ရှိရင် လူငယ်တွေအနေနဲ့ အင်တာနက်တွေသုံးတဲ့အခါမှာ လိုက်နာသင့်တဲ့ နားလည်ထားရမယ့် အချက်တွေ မီဒီယာတွေဆီက သတင်းအချက်အလက် ရယူတဲ့အခါမှာ နားလည်ထားရမယ့် အချက်ရယူတဲ့အခါမှာ နားလည်ထားသင့်တဲ့အချက်တွေ ဒါတွေကိုလည်း ကျနော်တို့ ပညာပေး ဆောင်ရွက်မှုတွေ ရှိပါတယ်။ အဲဒီ အလားအလာတွေလည်း ကျနော်တို့ ဆွေးနွေးခဲ့တာပေါ့။”

မြန်မာတွေအသုံးပြုနေတဲ့ အင်တာနက်စာမျက်နှာတွေနဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက်တွေမှာ အမုန်းတရား ဖြန့်ချိရေးသားမှုတွေ၊ လူမျိုးရေး ဘာသာရေး ပုတ်ခတ်ရေးသားမှုတွေနဲ့ အတု ဖန်တီးပြုလုပ်ထားတဲ့ ဓာတ်ပုံတွေက ပျံ့နှံ့နေတာပါ။

မကြာသေးခင်ကပဲ အွန်လိုင်းမှာပျံ့နှံ့ခဲ့တဲ့ သတင်းတပုဒ်ကို အကြောင်းပြုပြီး မန္တလေးမှာ ရုန်းရင်းဆန်ခတ်မြှုဖစ်ပွားခဲ့ပြီး ဇူလိုင်လ ၃ ရက်နေ့ကလည်း မြန်မာနိုင်ငံတွင်းမှာ ဖေ့စ်ဘွတ် သုံးစွဲမရအောင် နာရီပိုင်းလောက် အစိုးရက ပိတ်ပင်ခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုသူ ၂ သန်းခွဲကျော်ရှိပြီး လာမယ့်နှစ်မှာ ၃ သန်းလောက်ထိ ရှိလာမယ်လို့ မြန်မာ့ဆက်သွယ်ရေးရဲ့ တရားဝင် သတင်းထုတ်ပြန်ထားပြီး အော်ရီဒူးနဲ့ တယ်လီနော်တို့လို ဆက်သွယ်ရေး ကုမ္ပဏီတွေ ၀င်ရောက်လာတာကြောင့်လည်း မကြာခင်မှာ အင်တာနက်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူ အရေအတွက် ပိုများလာနိုင်ဖွယ်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013