လှိုင်သာယာ စက်မှုဇုန်တွင် မီးလောင်
DVB
·
October 3, 2014
လှိုင်သာယာ စက်မှုဇုန် ဆိပ်ကမ်းသာလမ်းရှိ ငါးအဆီဖောင်း လုပ်ငန်းပိုင်ရှင် ဦးသိန်းသန်းထွန်းရဲ့ ငါးအဆီကြိုတဲ့စက်ရုံမှာ အောက်တိုဘာ ၃ ရက်နေ့ မနက် ၆ နာရီ ၅ မိနစ်က စတင်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
ဆီချက်တဲ့ အိုးပေါက်ပြီး အောက်မှာရှိတဲ့ ထင်းပုံတွေပေါ် ကျရာကနေ မီးစလောင်တာလို့ သိရပါတယ်။
မီးသတ်ကား ၁၁ စီး လောက် လာရောက် ငြိမ်းသတ်ခဲ့ပြီး မနက် ၆ နာရီ ၃၀ မိနစ်လောက် လောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။
မီးလောင်မှုကြောင့် ငါးဆီဖောင်းဖို မီးစက် ၂ လုံး လောင်ကျွမ်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။
[gallery ids="66747,66748,66749,66750,66751,66752,66753,66754,66755,66756"]