ဟာဂ်ျဝတ်ပြုပွဲ တက်ရောက်ရန် ၀တ်ပြုသူ ၃ သန်း ဆော်ဒီ ရောက်ရှိ

1.1K
ခန့်မှန်းခြေ မွတ်စလင်ဝတ်ပြုသူ ၃ သန်းလောက်ဟာ နှစ်စဉ် ဟာဂ်ျဝတ်ပြုပွဲကို တက်ရောက်ဖို့နဲ့ အစ္စလာမ်ဘာသာရဲ့ အထွဋ်အမြတ်နေရာတွေကို လည်ပတ်ဖို့ ဆော်ဒီအာရေဗျ နိုင်ငံကို ရောက်လာကြပါတယ်။
မက္ကာမြို့တော်ကို အပေါ်က စီးမိုးထားတဲ့ အယ်လ်နူးတောင်ပေါ်က ဟီရာလိုက်ဂူထဲမှာ တမန်တော်မိုဟာမက်သခင် တရားကျင့်ကြံရာနေရာလို့ မွတ်စလင်တွေက ယုံကြည်ကြပါတယ်။
ဒီဂူမှာ ကောင်းကင်တမန် ဂါဘရီယယ်က အလ္လာဟ်အသျှင်မြတ်ထံမှာ ပထမဆုံးတရားတော်များကို တမန်တော်မိုဟာမက်သခင်ဆီ ပို့ဆောင် ပေးခဲ့သည်အပြင် ကျမ်းမြတ် ကုရ်အာန် ကျရောက်ရာ နေရာလည်း ဖြစ်ပါတယ်။
လူကြီးလူငယ် ဘုရားဖူးတွေက တမန်တော်မိုဟာမက်ရဲ့ခြေရာနောက်ကို လိုက်ဖို့ ဂူဆီကို လာကြတာပါ။
ဒီနေ့ခေတ် ခရီးဟာ တမန်တော် ရင်ဆိုင်ခဲ့ရတဲ့ခရီးထက် အများကြီး ပိုလွယ်တယ်လို့ ဘုရားဖူးတွေက ပြောပါတယ်။
တမန်တော်မိုဟာမက်သခင် ဥာဏ်အလင်းပွင့်မှုဟာ ကုရ်အာန်ကျမ်း စတင်ကျရောက်ရာ မြင်မြတ်သော ရာမဒန်လမြတ်မှာ ပေါ်ပေါက်လာတာလို့ ယုံကြပါတယ်။
ထောင်နဲ့ချီတဲ့ မွတ်စလင်တွေဟာ ဂရုဏာတောင်လို့ သိကြတဲ့ အာရာဖတ်တောင်ကိုလည်း သွားကြဖို့ မျှော်လင့်ထားပါတယ်။
ဆော်ဒီအာဏာပိုင်တွေကတော့ ဝတ်ပြုသူ ၃ သန်းကျော် ဟာဂ်ျဝတ်ပြုပွဲကို လာကြဖို့ ခန့်မှန်းထားပါတယ်။
ဒီပွဲတော်ဟာ ကမ္ဘာ့တလွှား အကြီးဆုံးဘာသာရေးစုစည်းမှုတွေထဲက တခုအဖြစ် အသိအမှတ်ပြုခံထားရပါတယ်။
