စတော့ရှယ်ယာ ဈေးကွက်ကို ကြီးကြပ်မည့် အဖွဲ့ဖွဲ့
DVB
·
October 3, 2014
လာမယ့် ၂၀၁၅ မှာစတင်တော့မယ့် စတော့ရှယ်ယာ အိပ်ချိန်း ဈေးကွက်ကို ကြီးကြပ်ဖို့အတွက် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်ကို အမိန့်ကြေညာစာ အမှတ် ၆၄/၂၀၁၄ နဲ့ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
ကော်မရှင်မှာ ဥက္ကဋ္ဌ အဖြစ် ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း၊ အတွင်းရေးမှူးအဖြစ် ညွှန်ကြားရေးမှူး တယောက်နဲ့ အခြား အဖွဲ့ဝင်အဖြစ် အငြိမ်းစား အရာရှိ ၆ ယောက် ပါဝင်ပါတယ်။
ဒီကော်မရှင်ဟာ အများပိုင် ကုမ္ပဏီတွေရဲ့ အစုရှယ်ယာရောင်းချတဲ့ ကိစ္စတွေကို အတည်ပြုပေးရမှာ ဖြစ်ကြောင်း သိရပါတယ်။