DVB Logo
Home
မြန်မာသတင်း
လွှတ်တော်အသီးသီးက ပြဋ္ဌာန်းထားသည့် ဥပဒေ ၂၀၀ ခန့်အတွက် နည်းဥပဒေမရှိ
DVB
·
October 2, 2014
လွှတ်တော်အသီးသီးက ပြဋ္ဌာန်းထားသည့် ဥပဒေ ၂၀၀ ခန့်အတွက် နည်းဥပဒေမရှိ
Donate to DVB

တိုင်းနဲ့  ပြည်နယ်လွှတ်တော်အသီးသီးကနေ  ဥပဒေ ပေါင်း ၂၇၀ ကျော်အတည်ပြုပြဋ္ဌာန်း ခဲ့ပြီး နည်းဥပဒေကတော့  ၇၀ ကျော်သာ ပြဋ္ဌာန်းထားတယ်လို့ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောပါတယ်။

ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားပြီး တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေက အတည်ပြုထားတဲ့ ဥပဒေတွေက တချို့မှာ  အခုအချိန်ထိ နည်းဥပဒေ မထွက်သေးတာနဲ့ ပတ်သက်ပြီး ဘားအံ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေအွာက မေးမြန်းရာမှာ ပြောကြားခဲ့တာပါ။

parlimentပြဋ္ဌာန်းပြီး ဥပဒေတွေကို အသုံးပြုနိုင်ဖို့၊ ပိုပြီးပြည့်စုံသွားဖို့အောင် နည်းဥပဒေတွေ အမြန်ဆုံးထုတ်ပေးဖို့ရှိ၊ မရှိ ဒီကနေ့ ပြည်သူ့လွှတ်တော်မှာအစည်းအဝေးမှာ လွှတ်တော်အမတ်   နန်းစေးအွားက မေးခွန်းထုတ်သွားခဲ့တာပါ။

ဒါနဲ့ ပတ်သက်ပြီး ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဥပဒေတရပ်ရပ်ကို ပြဋ္ဌာန်းတဲ့အခါ နည်းဥပေဒေရေးဆွဲဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုကို နည်းဥပဒေထုတ်ပြန်ခွင့် အပ်နှင်းလေ့ ရှိပေမယ့် ဒါဟာ မဖြစ်မနေထုတ်ပြန်ဖို့ သဘောမဟုတ်ပါဘူးလို့  ဖြေကြားသွားပါတယ်။

ဥပဒေ တရပ်ကို အကောင်အထည်ဖော်နိုင်ဖို့ နည်းဥပဒေကို လိုအပ်ချက်နဲ့အညီ အမြန်ထုတ်ပြန်ရတာ ရှိသလို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ကြုံရတဲ့ အခြေအနေတွေကို အခြေခံပြီး ကာလတခုအထိ အချိန်ယူလေ့လာပြီးမှ ထုတ်ပြန်ရတာလည်း ရှိတယ်လို့ ဒုရှေ့နေချုပ်က ပြောပါတယ်။

လက်ရှိအချိန်ထိ တိုင်းနဲ့ ပြည်နယ် လွှတ်တော် အသီးသီးက ဥပဒေပေါင်း ၂၇၂ ခု၊ နည်းဥပဒေ ၇၅ ခုနဲ့ လုပ်ထုံးလုပ်နည်း ၆ ခု ထုတ်ပြန်ခဲ့ပြီးပြီးလို့ ဆိုပါတယ်။

ဒီအထဲမှာ စစ်ကိုင်းတိုင်းက ဥပဒေ ၃၇ ခုနဲ့ နည်းဥပဒေ ၂၃ ခု ထုတ်ပြန်ခဲ့တာ ဖြစ်လို့ အများဆုံးဖြစ်ပြီး ကယားပြည်နယ်ကတော့ ဥပဒေ ၄ ခုနဲ့ နည်းဥပဒေ ၁ ခု ထုတ်ပြန်ပြီး အနည်းဆုံးဖြစ်ပါတယ်။ ချင်းပြည်နယ်နဲ့ ရန်ကုန်တိုင်းမှာတော့ နည်းဥပဒေထုတ်ပြန်တာ လုံးဝ မရှိပါဘူး။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013