DVB Logo
Home
မြန်မာသတင်း
အဓမ္မပြုကျင့်မှုဖြင့် တရားစွဲခံထားရသည့် တပ်မတော်သားအမှု ဒီနေ့ ရုံးထုတ်
DVB
·
October 2, 2014
အဓမ္မပြုကျင့်မှုဖြင့် တရားစွဲခံထားရသည့် တပ်မတော်သားအမှု ဒီနေ့ ရုံးထုတ်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တဦးကို အဓမ္မပြုကျင်မှုနဲ့ တရားစွဲခံရတဲ့ တပ်မတော်သားတဦးကို မူဆယ်ခရိုင်တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးပါတယ်။

ကွတ်ခိုင်မြို့နယ် နန့်ကွတ်ကျေးရွာမှာ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်ကို နယ်မြေခံတပ်ရင်းက တပ်သားကောင်းဘိုဘိုဆိုသူက မေလ ၁၆ ရက်နေ့မှာ အဓမ္မပြုကျင့်တယ်လို့  စွဲထားတဲ့အမှု ဖြစ်ပါတယ်။

မုဒိမ်းမှုအပြင် ကလေးအရွယ်ကို အုပ်ထိန်းသူအောက် ခိုးယူတဲ့ လူခိုးမှုနဲ့ပါ တရားလိုတွေဘက်က စွဲဆိုထားတာပါ။

အဲဒီတပ်သားကို စစ်ခုံရုံးက စည်းကမ်းဖောက် ဖျက်မှုနဲ့ ထောင်ဒဏ် ၁ နှစ်ချမှတ်ပြီးနောက် အရပ်ဘက်တရားရုံးက စစ်ဆေးနေတာ လည်းဖြစ်ပါတယ်။

မူဆယ်ခရိုင်တရားရုံးရဲ့ ဒီကနေ့ရုံးချိန်းမှာ ကွတ်ခိုင် မြိုနယ်ဆရာဝန်ဒေါက်တာ ၀င့်ဝင့်မြိုင်နဲ့ အဲဒီတပ်သားတည်းတဲ့အိမ်က အိမ်ရှင်ကို သက်သေစစ်ပါတယ်။

စစ်ဆေးတွေ့ရှိချက်ကို သက်သေခံ ထွက်ဆိုကြောင်း တရားလိုရှေ့နေ ဒေါ်ရွယ်ဆိုင်းက ဒီဗွီဘီကို ပြောပါတယ်။

မြို့နယ်ဆရာဝန်ဒေါက်တာ ၀င့်ဝင့်မြိုင်က တရားရုံးမှာ သက်သေ ထွက်ဆိုမှုကို တရားလိုရှေ့နေ ဒေါ်ရွယ်ဆိုင်းက ခုလို ပြောပါတယ်။

ရှေ့နေ ဒေါ်ရွယ်ဆိုင်းက “တွေ့ရှိထားတဲ့ဟာပေါ့နော်၊ သူတို့စစ်ဆေးတဲ့ အချိန်မှာ ကောင်မလေးရဲ့မိန်းမ ကိုယ်မှာ သွေးခြောက်တွေ၊ ပွန်းနေတဲ့ဟာ တွေပေါ့နော်။ သူတို့ဆေးရုံမှာပေါ့၊ သုတ်ပိုးနဲ့ပတ်သက်ပြီး စမ်းသပ်တာကျတော့ သူတို့ အဲဒါမှာကတော့ မတွေ့ဘူး၊ ဘာဖြစ်လို့လည်းဆို သူတို့က ဒါက စမ်းသပ်တဲ့ကိရိယာ မစုံလို့ပေါ့နော်။ အဲလိုမျိုး၊။ အမှန်က စမ်းသပ်ခွင့်လည်း မရှိဘူး။ ဓာတုဗေဒ ၀န်ရုံးကို ပို့ရမှာပေါ့။ အဲလိုမျိုးပြောတယ်” လို့ ပြောပါတယ်။

မုဒိမ်းမှုတွေမှာ ကျူးလွန်မှု ရှိမရှိ ဓာတုဗေဒရုံးက အဖြေထွက်ထားပြီးသားပါလို့လည်း သူက ပြောပါတယ်။

“ဓာတုဗေဒရုံးကို ပို့တာ ကောင်မလေး ၀တ်ထားတဲ့ အတွင်းခံဘောင်းဘီတို့၊ ဘာတို့ သက်သေခံပစ္စည်းတွေလေ။ အဲဒီ သက်သေခံကို ပို့ထားတဲ့စာရွက်ကတော့ ရှိတယ်။ အဲဒါကို အမှုစစ်လာမှပဲ သက်သေခံသွင်းရမှာရှင့်။ အဲမှာကျတော့ သုတ်ပိုးတွေ တွေ့တဲ့အကြောင်း ဖြေကြားထားတာတွေရှိတယ်လေ၊ ဓာတုဗေဒ ၀န်ရုံးက” လို့ ပြောပါတယ်။

တပ်သားကောင်းဘိုဘိုတည်းတဲ့ အိမ်ရှင်ကိုလည်း စစ်ဆေးတာကြောင့် ဒီကနေ့ သက်သေနှစ်ယောက်စစ်ဆေးခဲ့တာပါ။  ကွတ်ခိုင်မြို့ နန့်ကွတ်ကျေးရွာမှာ စခန်းချတဲ့ အစိုးရတပ်ရင်းက ရဲဘော် ကောင်းဘိုဘိုဟာ မေလ ၁၆ ရက်နေ့ ညနေပိုင်း မိန်းကလေးငယ် ဈေးကအပြန်မှာ ခြုံထဲအတင်းဆွဲသွင်းပြီး အဓမ္မပြုကျင့်တာလို့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့က အဲဒီတပ်သားနဲ့ မိန်းကလေးငယ်နှစ်ဦးကို မူဆယ် ခရိုင်တရားရုံးမှာ ပထမဆုံးစစ်ဆေးစဉ်က မိန်းကလေးက သူ့ပါးစပ်ကို အတင်းပိတ် ပြီး ပြုကျင့်ခဲ့တယ်လို့ ထွက်ဆိုပြီး တရားခံတပ်သားကတော့ မပိတ်ပါဘူးလို့ ပြန်လည်ငြင်းဆိုခဲ့တယ်လို့ တရားရုံးတက်ရောက်သူတွေက ပြောပြပါတယ်။

ဒီတပ်သားကို တပ်ဘက် စစ်ခုံရုံးက အမိန့်ချမှတ်မှုနဲ့ပတ်သက်လို့ ဒီအမှုမှာ တရားလိုဘက်က လိုက်ပါဆောင်ရွက်နေတဲ့ ရှမ်းပြည်နယ် ကချင်စာပေယဉ်ကျေးမှုအဖွဲ့က ဒေါ်လုမ်းညွယ်က ခုလိုပြောပါတယ်။

“သူတို့ကတော့စည်းကမ်းဖောက်ဖျက်မှုပေါ့နော်။ စည်းကမ်းဖောက်ဖျက်တယ် ဆိုတာက လူကြီးတွေကို ခွင့်မတောင်းပဲ အဲဒီလိုမျိုး အပြင်ကို ခိုးထွက်တယ်။ အဲဒီအတွက်ကြောင့်ပါပဲ။ စစ်ခုံရုံးမှာတော့ အဲဒီအတွက်ပဲ ပြစ်ဒဏ်ချမှတ်ပြီးမှ ဒီမုဒိမ်းမှုနဲ့ ပတ်သက်တာတော့ ဒီအရပ်ဘက်ကို ပြန်ပြီးမှ လွှဲတယ်ပေါ့နော်၊ အဲဒီတော့ ချလိုက်တဲ့ ၁ နှစ်ရယ်။ ကျမတို့ အရပ်ဘက်ကနေပြီးတော့ ပြစ်ဒဏ်ချမှတ်တာရယ် အဲဒီနှစ်မျိုးစလုံးကို သူ ဆက်ပြီးမှ တပေါင်းတစည်းတည်း ခံဖို့ ဖြစ်တယ်ရှင့်” လို့ ပြောပါတယ်။

၂၀၁၃ ခုနှစ်ကလည်း အသက်ရှစ်နှစ်အရွယ် ကလေးငယ်ကို အဓမပြုကျင့်မှုမှာ ပြုကျင့်သူ ရဲဘော်ကို စစ်ခုံရုံးက အရပ်ဘက် တရားရုံးကို လွှဲခဲ့ပြီး ပြုကျင့်တဲ့ ရဲဘော်ကို ထောင် ဒဏ်တသက်တကျွန်း ချမှတ်ခဲ့တယ်လို့ ဒေါ်လုမ်းညွယ်က ပြောပါတယ်။

လာမယ့် အောက်တိုဘာ ၁၀ ရက်နေ့ကို မူဆယ်ခရိုင်တရားရုံးမှာ ထပ်မံရုံးချိန်းပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013