DVB Logo
Home
မြန်မာသတင်း
ပျောက်ဆုံး ရဟတ်ယာဉ်ကို အရှိန်တိုးမြှင့်ရှာဖွေ
DVB
·
October 2, 2014
ပျောက်ဆုံး ရဟတ်ယာဉ်ကို အရှိန်တိုးမြှင့်ရှာဖွေ
Donate to DVB

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့က ခါကာဘိုရာဇီမှာ ပျောက်ဆုံးသွားခဲ့တဲ့ ရဟတ်ယာဉ်ကို ၅ ရက်လောက်ကြာတဲ့တိုင် ရှာမတွေ့သေးပဲ အရှိန်တိုးမြှင့် ရှာဖွေမှုတွ လုပ်ဆောင်နေတယ်လို့ ထူးဖောင်ဒေးရှင်းက ပြောပါတယ်။

[caption id="attachment_66386" align="alignright" width="300"]ဓာတ်ပုံ - ထူးဖောင်ဒေးရှင်း ဓာတ်ပုံ - ထူးဖောင်ဒေးရှင်း[/caption]

ကချင်ပြည်နယ်  ခါကာဘိုရာဇီတောင်ထိပ်မှာ  ပျောက်ဆုံးသွားတဲ့  တောင်တက်သမား ၂ ဦးကို ရှာဖွေရာမှာ အသုံးပြုဖို့ ထိုင်းနိုင်ငံက ငှားယမ်းထားတဲ့  ရဟတ်ယာဉ်တစီး  စက်တင်ဘာလ ၂၇  ရက်နေ့က  အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးခဲ့ပါတယ်။

ခုချိန်ထိ ပျောက်ဆုံးနေတဲ့ ရဟတ်ယာဉ်ပြန်တွေဖို့ ရှာဖွေမှုတွေ တိုးချဲလုပ်ဆောင်နေတယ်လို့ ထူးဖောင်ဒေးရှင်းရဲ့ ကယ်ဆယ်ရေးလုပ်ငန်းက သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုသက်က ပြောပါတယ်။

“ကျနော်တို့က ပူတာအိုက တဆင့် သိရတာ။ အကုန်လုံးကို ဖြန့်ကြက်ပြီး ရှာဖွေနေပါတယ်။ နောက်ပြီး လမ်းမှာ တွေ့လိုက်တဲ့ ရွာသူရွာသားတွေ အမျိုးမျိုး ရှိမှာပေါ့။ အဆင့်လိုက်အဆင့်လိုက် တွေ့ရှိတယ်လို့ သတင်းရတဲ့နေရာတွေအကုန်လုံးကို ထပ်မံပြီး ရှာဖွေနေပါတယ်။ ရှာဖွေကယ်ဆယ်ရေးမှာ ကျွမ်းကျင်တဲ့သူတွေ၊ လေယာဉ်မှူးတဲ့၊ ဒေသခံ ရဲတပ်ဖွဲ့၊ ဒေသခံပြည်သူတွေနဲ့ ထပ်မံအင်အားဖြည့်ထားပြီးတော့ ကြိုးစားရှာဖွေလျက်ရှိပါတယ်။”

ပျောက်ဆုံးရဟတ်ယဉ်ဟာ ထိုင်းနိုင်ဟံက  B4 အမျိုးအစားဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့ အခြေစိုက် စခန်းရှိတဲ့ တဟွန်ဒမ်းရွာကို ရိက္ခာပို့ဖို့သွားရင်း အဆက်အသွယ် ပြတ် ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

အဲဒီရဟတ်ယာဉ်မှာ ထိုင်းနိုင်ငံသား ရဟတ်ယာဉ်မှူး ချတ်ချာဝလ်၊ မြန်မာရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးနဲ့ထူးဖောင်ဒေးရှင်းက ဦးရွှေရင်တော်ကြီးတို့ လိုက်ပါသွားတာပါ။

အဆက်အသွယ်ပြတ်တောက်သွားတဲ့ B4 ရဟတ်ယာဉ်ကို ရှာဖွေရေးလုပ်ငန်းမှာ ထူးဖောင်ဒေးရှင်းအပြင် ပူတာအိုအခြေစိုက်ဗျူဟာက အစိုးရတပ်ဖွဲတွေ နဲ့ ဒေသခံ အဖွဲ့အစည်းတွေ ၀ိုင်းဝန်ကူညီပေးကြတယ်လို့ ထူးဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင်  ထိုင်း၊ နီပေါ၊ အီတလီ၊ အမေရိကန်နဲ့ တရုတ်နိုင်ငံတွေက ကျွမ်းကျင်ဝါရင့် ရဟတ် ယာဉ်မှူးတွေနဲ့ ကျွမ်းကျင်တောင်တက်ကယ်ဆယ်ရေးအဖွဲ့သားတွေလည်း ကယ်ဆယ်ရေး လုပ်ငန်းမှာ  ပူးပေါင်းပါဝင်ပေးနေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်နေ့က စလို့ ခါကာဘိုရာဇီ တောင်တက်ရင်း အဆက်အသွယ် မရတော့တဲ့ သဘာဝခေါ်သံ ဖောင်ဒေးရှင်းက တောင်တက်သမားနှစ်ဦးဖြစ်တဲ့ ကိုအောင် မြင့်မြတ်နဲ့ ကိုဝေယံမင်းသူ တို့ ၂ ဦးကို ရှာဖွေရင် မတွေ့ခဲ့တဲ့အတွက်  စက်တင်ဘာလ ၂၇ ရက်နေ့ကို ရှာဖွေရေး နောက်ဆုံးနေ့အဖြစ် သတ်မှတ်ခဲ့ပေမယ့် ရဟတ်ယာဉ်တစီးထပ်ပြီး ပျောက်ဆုံးခဲ့တဲ့အတွက် အခုလို ရက်တိုးပြီး ဆက်လက် ရှာဖွေနေတာ ဖြစ်ပါတယ်။
ပျောက်ဆုံးနေသူတွေရဲ့  မိသားစုဝင်တွေကတော့ ပြန်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့  ပူတာအိုမြို့က မလိခ ဟိုတယ်မှာ သွားရောက် စောင့်ဆိုင်းနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013