ဒေါ်လာ ၂ ဘီလီယံ ချေးငွေယူပြီး မြို့ပတ် လျှပ်စစ်ရထား စီမံကိန်း လုပ်မည်
DVB
·
October 2, 2014
လာမယ့် ၂၀၁၆ ခုနှစ်ကျရင် မြို့ပတ် လျှပ်စစ်ရထား စီမံကိန်း စတင် အကောင်အထည်ဖော်မှာဖြစ်ပြီး ၅ နှစ်အတွင်း ပြီးစီးအောင် အကောင်အထည်ဖော်သွားမယ်လို့ ရထားဝန်ကြီး ဦးသန်းဌေးက ပြောပါတယ်။
ဒီစီမံကိန်းအတွက် လိုအပ်တဲ့ ချေးငွေ အမေရိကန် ဒေါ်လာ ၂ ဘီလီယံကို ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေက ရယူအကောင်အထည် ဖော်သွားမယ်လို့ ဆိုပါတယ်။
လျှပ်စစ် မြို့ပါတ်ရထားလမ်း အတွက် ရထားသံလမ်း ခုံးကျော်တံတား ၁၁ စင်းကိုလည်း လာမယ့် ဘဏ္ဍာနှစ်အတွင်း စပြီး အကောင်အထည် ဖော်သွားမယ်လို့ သူက ပြောပါတယ်။
ရထားဝန်ကြီးဌာန အနေနဲ့ ဒေါ်လာ ၂ ဘီလီယံလောက် ချေးငွေယူပြီး မြို့ပါတ် လျှပ်စစ်ရထား စီမံကိန်း လုပ်မယ် ဆိုရင် လွှတ်တော်ရဲ့ သဘောတူညီချက် ရယူဖို့ လိုအပ်ပါသေးတယ်။