ဒန်းညက်စ်မြို့ စာသင်ကျောင်းဝင်းထဲ ပစ်ခတ်မှုကြောင့် လူ ၄ ဦး သေဆုံး

ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေး သဘောတူထားပေမယ့် နိုင်ငံအရှေ့ဘက် ဒန်ညက်စ်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က စာသင်ကျောင်းဝင်း တခုတည်းကို ပစ်ခတ်မှုကြောင့် လူ ၄ ယောက် သေဆုံးပါတယ်။ စာသင်နှစ် ပထမဆုံးရက်မှာ အမှတ် ၅၇ ကျောင်းကို ပစ်ခတ်ခံရချိန်က ကလေးတယောက်မှ ထိခိုက်မှု မရှိခဲ့ဘဲ ဇီဝဗေဒ ဆရာတယောက်နဲ့ ကျောင်းသားမိဘတွေ သေဆုံးတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ 1412170935910_wps_37_A_view_of_a_classroom_of_ရဲတွေနဲ့ ဆရာတွေက ကလေးတွေကို မြေအောက်ခန်းထဲ အချိန်မီ ခေါ်ထုတ်သွားနိုင်ခဲ့တယ်လို့ ဒန်ညက်စ်လွှတ်တော် ကော်မတီဝင် ဗစ်တာခါလျာဗာက ပြောပါတယ်။ ကျောင်းဟာ ယူကရိန်းစစ်တပ်က ထိန်းချုပ်ထားဆဲ လေဆိပ်ကနေ မိုင်နည်းနည်းပဲ ဝေးတာပါ။ လေဆိပ်ကို သိမ်းနိုင်ရေး တိုက်ပွဲကြီးတွေကတော့ လနဲ့ချီ ဖြစ်ပွားနေဆဲပါ။ အခင်းဖြစ်ရာကို ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအက်စ်စီအီး) က လေ့လာသူတွေ စစ်ဆေးနေပါတယ်။ ခွဲထွက်ရေး သူပုန်တွေကတော့ ပစ်ခတ်မှုကို ယူကရိန်းအစိုးရတပ်က လုပ်တာလို့ အပြစ်တင်ပါတယ်။ ယူကရိန်းစစ်တပ်ကတော့ ဒန်ညက်စ်မြို့တွင်း အရပ်ဖက် အဆောက်အဦတွေနဲ့ အိမ်တွေ ကို ပစ်မှတ်မထားဘူးလို့ ပြန်ငြင်းပါတယ်။ ကုလသမဂ္ဂရဲ့ကိန်းဂဏန်းတွေအရ ယူကရိန်းပဋိပက္ခကြောင့် သေဆုံးသူ အယောက် ၃၅၀၀ ကျော်ပါပြီ။ ယူကရိန်းသမ္မတ ပတ်ထရို ပိုရိုရှန်ကိုကတော့ ၆ လအတွင်း ပဋိပက္ခပြေငြိမ်းရေး ငြိမ်းချမ်းရေးစီမံကိန်းက အလုပ်ဖြစ်ခဲ့တယ်လို့ အရင်အပတ်က ပြောခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က ပြန်ယိုယွင်းလာပြီး စက်တင်ဘာ ၃၀ ရက်နေ့မှာတော့ ယူကရိန်းစစ်သည် ၉ ယောက် ကျဆုံးခဲ့ပါတယ်။

More News
Up