သမ္မတ ဦးသိန်းစိန်ကို တကိုယ်တော်ဆန္ဒပြသူ ဖမ်းဆီးခံရ
DVB
·
October 2, 2014
အောက်တိုဘာ ၂ ရက်နေ့က ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားရေး အဖွဲ့ခေါင်းဆောင် ဦးထင်ကျော်ကို ကျောက်တံတားမြို့နယ်တရားရုံးမှာ ရုံးထုတ်စဉ် တကိုယ်တော် ဆန္ဒပြတဲ့ မစိန်ထွေးကို ကျောက်တံတားရဲစခန်းက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
သူဟာ သမ္မတဦးသိန်းစိန်ကို နာဇီလို့ ရေးထားတဲ့ပိုစတာကို ကျောက်တံတား တရားရုံးရှေ့မှာ ကိုင်ဆောင်ကာ တကိုယ်တော်ဆန္ဒပြခဲ့ပြီး စာတွေလည်း ဝေခဲ့ပါတယ်။
အဲလို လှုပ်ရှားမှုပြုလုပ်ပြီးနောက်ပိုင်းမှာ သူ့ကို ရဲက ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။
မစိန်ထွေးဟာ ဦးထင်ကျော် ဦးဆောင်တဲ့ ဒီမိုကရေစီရေးစဉ်ဆက်လှုပ်ရှားသူများအဖွဲ့ (အမ်ဒီစီအက်ဖ်) က ဖြစ်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။