ထိုင်းငွေ သိန်း ၇ ထောင်ကျော်ဖိုး ဘိန်းဖြူများ တာချီလိတ်တွင် ဖမ်းမိ
DVB
·
October 1, 2014
တာချီလိတ်ဇုန်အတွင်းမှာ ကုန်ကားတစီးကနေ ဘိန်းဖြူ အထုတ်ရေ ၆၅၅ ထုတ် တန်ဖိုး ထိုင်းဘတ်ငွေ သိန်း ၇ ထောင်ကျော်ဖိုးနဲ့ လက်နက်တွေ ဖမ်းဆီးရမိခဲ့ပါတယ်။
မိုင်းလားကနေ တာချီလိတ်ကို လာတဲ့ ကုန်ကားတစီးကို မြို့မရောက်ခင် တာချီလိတ်ဇုန်အတွင်းမှာ ရဲတပ်ဖွဲ့ကနေ စက်တင်ဘာ ၃၀ ရက်နေ့ ညနေ ၄ နာရီခွဲက တားဆီးစစ်ဆေးရာကနေ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ကားမောင်းသူ အိုက်သန်း ၄၀ နှစ် နဲ့ အဖော် ၂ ယောက်ကို ဘိန်းဖြူထုတ်တွေနဲ့အတူ ပစ္စတို ၂ လက်၊ အမ် ၁၅ တလက်၊ အမ် ၇၉ လက်နက်ကြီးတလက်လည်း ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။