DVB Logo
Home
မြန်မာသတင်း
ဗဟိုဘဏ်က နိုင်ငံခြားဘဏ် ၉ ခု ကို မြန်မာတွင် လုပ်ကိုင်ခွင့်ပြု
DVB
·
October 1, 2014
ဗဟိုဘဏ်က နိုင်ငံခြားဘဏ် ၉ ခု ကို မြန်မာတွင် လုပ်ကိုင်ခွင့်ပြု
1 / 7
Donate to DVB

နိုင်ငံခြားဘဏ် ၉ ခုကို မြန်မာနိုင်ငံတွင်းမှာ ဘဏ်လုပ်ငန်း လုပ်ကိုင်နိုင်ဖို့အတွက်  လိုင်စင်ချပေး လိုက်ပြီလို့  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာလိုက်ပါတယ်။

အခုလို လုပ်ခွင့်ပေးလိုက်တာနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲကို ဗဟိုဘဏ်က ဒီနေ့မွန်းလွဲပိုင်းက နေပြည်တော်မှာ  ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံခြားဘဏ် ၉ ခုကို  ဘယ်နိုင်ငံမှာမှ လုပ်လေ့မရှိတဲ့ တင်ဒါ စနစ်နဲ့ ရွေးချယ် လိုင်စင်ချပေးလိုက်တာဖြစ်ပြီး ၁၂ လ အတွင်း လုပ်ငန်းတွေ စတင် လုပ်ကိုင်ရမယ်လို့ ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးဆက်အောင်က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

အခုလို လုပ်ခွင့်ပေးလိုက်တဲ့အတွက် နိုင်ငံခြားက ငွေချေးရာမှာ ကြုံနေရတဲ့ ငွေလဲနှုန်း အခက်အခဲကို အများကြီးကာကွယ်နိုင်မယ်လို့လည်း ဗဟိုဘဏ်တာဝန်ရှိသူက ပြောသွားပါတယ်။

မြန်မာပြည်မှာ  နိုင်ငံခြားဘဏ်တွေ မရှိခင်က ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ ပြည်ပချေးငွေတွေ ရယူတဲ့အခါ  နိုင်ငံခြားငွေလဲနှုန်းက အဓိက ကြုံတွေ့ရတဲ့ အခက်အခဲပဲဖြစ်ပါတယ်။

အခု ဗဟိုဘဏ်က ရွေးချယ်လိုက်တာကတော့ သြစတြေးလျနဲ့ နယူးဇီလန် ဘဏ်အုပ်စု (ANZ)၊၊ ဘန်ကောက်ဘဏ်၊ တိုကျို မစ်ဆူဘီရှိဘဏ် (BTMU)၊ တရုတ် စက်မှုနဲ့ကုန်သွယ်ရေးဘဏ်(ICBC)၊ မာလာယန်ဘဏ် ခေါ် မေဘဏ် (Maybank)၊ မစ်ဇူဟိုဘဏ်၊ နိုင်ငံရပ်ခြား တရုတ်နိုင်ငံသားများဘဏ် ကော်ပိုရေးရှင်း (OCBC)၊ ဆူမီတိုမို မစ်ဆိုင်းဘဏ် ကော်ပိုရေးရှင်း(SMBC)၊ ယူနိုက်တက် နိုင်ငံရပ်ခြား ဘဏ်(UOB) တို့ဖြစ်ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

 

(နိုင်ငံခြားဘဏ်တွေ မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် စိစစ်ခွင့်ပြုပုံကို နေပြည်တော် ဗဟိုဘဏ်မှာ ဒီနေ့ နေ့လယ် ၃ နာရီ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်။ ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် (တိုက်ပုံ အင်င်္ကျီအဖြူရောင်) နှင့် ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးဆက်အောင်။)

[gallery ids="66596,66597,66598,66599,66600,66601,66602"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013