အမတ်စရိတ် ၁ ရက် ကျပ် ၁ သောင်းရရန် တင်ပြ
DVB
·
October 1, 2014
လွှတ်တော်အမတ်တွေဟာ လက်ရှိ နေထိုင်တည်းခိုခ ၁ ရက်ကို ကျပ် ၂၀၀၀ နဲ့ စားသောက် အထွေထွေစရိတ် ကျပ် ၃၀၀၀ စုစုပေါင်း ကျပ် ၅၀၀၀ ပေးဖို့ သတ်မှတ်ထားရာကနေ နေထိုင်တည်းခိုခ ၁ ရက်ကို ကျပ် ၅၀၀၀ နဲ့ စားသောက် အထွေထွေစရိတ် ကျပ် ၅၀၀၀ စုစုပေါင်း ကျပ် ၁ သောင်း ပေးရမယ့် ပြင်ဆင်ချက် ဥပဒေကြမ်းတရပ် လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့က လုပ်တဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ဥပဒေကြမ်းကော်မတီ ကိုယ်စား ဦးခင်မောင်ရီက အဆို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ပြည်ထောင်စုအဆင့် လွှတ်တော်အမတ်တွေဟာ လစာ ကျပ် ၃ သိန်းပဲ ရနေပြီး အစိုးရအဖွဲ့ဘက်က သမ္မတက သိန်း ၅၀၊ ၀န်ကြီးလစာ ကျပ် သိန်း ၃၀ ရနေတာဟာ အလွန်ကွာခြားနေတဲ့အကြောင်း လွှတ်တော်တွင်းမှာ မကျေမနပ် ပြောဆိုကြပါတယ်။