Home
မြန်မာသတင်း
ရှမ်းလက်နက်ကိုင်နှင့် ပါတီများ တွေ့မည်
DVB
·
October 1, 2014
ထိုင်းနိုင်ငံ ဘန်ကောက်မှာ  ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ မြောက်ပိုင်းက ခေါင်းဆောင်တွေ အောက်တိုဘာ ၂ ရက်နေ့ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ ssaညီညွတ်ရေး တည်ဆောက်ဖို့အတွက် ရှမ်းပါတီနဲ့ လက်နက်ကိုင်က ခေါင်းဆောင်တွေ အခုလို တွေ့ဆုံကြတာ ဖြစ်တယ်လို့ ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြောခွင့်ရ ဦးစိုင်းလိတ်က ပြောပါတယ်။ ရှမ်းပါတီ ၂ ခု ပူးပေါင်းဖိုနဲ့ ရှမ်းစစ်တပ်တွေ ပူးပေါင်းဖို့ကိစ္စ ဟာ တွေ့ဆုံရင် ဆွေးနွေးမယ့် အကြောင်းအရာ ဖြစ်တယ်လို့ သူက အခုလို ပြောပါတယ်။ “ဆွေးနွေးမယ့်အကြောင်းအရာက တစ်အချက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သုံးသပ်ချက်၊ နှစ်အချက်ကတော့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ဘယ်လိုအခင်းအကျင်း၊ ဘယ်လိုပြင်ဆင်ထားမှုတွေ ရှိတယ်ဆိုတာ မျှဝေဖို့၊ နောက်ဆုံးတချက်က ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေ ထုတ်ပြန်ဖို့ ရှိတယ်။ တချို့ကလည်း ပြင်ဖို့ အဆိုပြုထားတာတွေရှိတယ်။ နှစ်ဖက်ပါတီအနေနဲ့ ဘယ်လိုမျိုး ထပ်ပြီး ပြင်စေချင်လဲ၊ နောက်ဆုံးကတော့ တပ် ၂ တပ်နဲ့ ပါတီ ၂ ခု ပူးပေါင်းရေးပေါ။” ညီညွတ်ရေးဟာ မလုပ်မဖြစ်တဲ့ အနေအထားမျိုး ရောက်လာပြီဆိုတာကို ခေါင်းဆောင် တွေက နားလည်သလို အောက်ခြေအဖွဲ့အစည်းတွေကလည်း ထပ်ခါတလဲလဲ တောင်းဆိုတာ တွေ ရှိလာတယ်လို့ သူက ပြောပါတယ်။ အရင်က ဒီလို မတွေ့ဆုံနိုင်ခဲ့ပေမယ့် အခုလို တွေ့ဆုံမှုကြောင့် ခေါင်းဆောင်တွေအကြား နားလည်မှုတွေ ရသွားဖို့ မျှော်လင့်တယ်လို့ စိုင်းလိတ်က ပြောပါတယ်။ ရှမ်းစစ်တပ်က ခေါင်းဆောင်တွေ ရန်ကုန်ကို လာရောက်ဖို့ အခက်အခဲ ရှိနေတဲ့အတွက် ဘန်ကောက်မှာ တွေ့ဆုံဖို့ ရွေးချယ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024