DVB Logo
Home
Lead Story
Oil & Gas ပြပွဲကြီး ကျင်းပမည်
DVB
·
September 30, 2014
Oil & Gas ပြပွဲကြီး ကျင်းပမည်
Donate to DVB

အမေရိကန်၊ အင်္ဂလန်က ကုမ္ပဏီတွေအပါအ၀င် နိုင်ငံပေါင်း ၂၀ ကျော်က ကုမ္ပဏီ ၁၃၀ လောက် ပါဝင်မယ့် Oil & Gas ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်းဆိုင်ရာပြပွဲကြီးတခုကို ကျင်းပမယ်လို့ စင်ကာပူပြပွဲ ၀န်ဆောင်မှုကုမ္ပဏီက စက်တင်ဘာ ၂၉ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

oil&gasပြပွဲကို လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ မြန်မာ ကွန်ဗင်းရှင်း စင်တာမှာ ပြုလုပ်သွားမှာ ဖြစ်ပြီး ကုမ္ပဏီ ၁၃၀ ကျော်က သူတို့ ၀န်ဆောင်မှုတွေ၊ ထုတ်ကုန်တွေနဲ့ စီမံကိန်းတွေကို လာရောက် မိတ်ဆက် ရှင်းလင်းသွားမယ်လို့ သိရပါတယ်။

စွမ်းအင်ဝန်ကြီးဌာနဟာ မကြာသေးခင်က ကုန်းတွင်း ရေနံလုပ်ကွက် ၂၄ ကွက်နဲ့ ကမ်းလွန်ရေနံလုပ်ကွက် ၂၀ ကို ပြည်တွင်းနဲ့ ပြည်ပကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပေးခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း အများကြီး ပေါ်ပေါက်စေတယ်လို့ ပြပွဲကျင်းပမယ့်သူတွေက ပြောဆိုကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013