DVB Logo
Home
Lead Story
မြန်မာသီလ၀ါ အများပိုင်ကုမ္ပဏီက ရှယ်ယာရောင်းဝယ်နိုင်သည့် စင်တာ ဖွင့်မည်
DVB
·
September 30, 2014
မြန်မာသီလ၀ါ အများပိုင်ကုမ္ပဏီက ရှယ်ယာရောင်းဝယ်နိုင်သည့် စင်တာ ဖွင့်မည်
Donate to DVB

အောက်တိုဘာ ၁ ရက်နေ့က စပြီး မြန်မာသီလ၀ါ SEZ ဟိုးလ်ဒင်း အများပိုင်ကုမ္ပဏီဟာ Over the counter (OTC) လို့ခေါ်တဲ့ စတော့ဈေးကွက် ရှိစရာ မလိုပဲ ရှယ်ယာတွေကို ကိုယ့်ဘာသာကိုယ် ရောင်းဝယ်၊ လွှဲပြောင်းလို့ရတဲ့ စင်တာတခု ဖွင့်လှစ်မယ်လို့ ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

အိုတီစီစင်တာကို မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(ယူအန်အက်ဖ်စီစီအိုင်) အဆောက်အဦ ၁၁ လွှာမှာ ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။

လာမယ့် ၂၀၁၅ နှစ်လည် မြန်မာနိုင်ငံမှာ ရန်ကုန်စတော့အိပ်ချိန်း ဈေးကွက်ကို အာရှစိမ်းလန်း ဖွံ့ဖြိုးမှုဘဏ်(အေဂျီဒီ)၊ မြန်မာ့ပထမ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ(အက်ဖ်အမ်အိုင်)နဲ့

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က တည်ထောင်ထားတဲ့ မြန်မာ့လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်း(အမ်အေပီစီအို)တို့နဲ့ စတင်ဖွင့်လှစ်သွားမယ်လို့ ကြေညာထားပြီး မြန်မာသီလ၀ါ SEZ ဟိုးလ်ဒင်း အများပိုင်ကုမ္ပဏီကတော့ ပါဝင်ခြင်းမရှိပဲ ခုလို သီးသန့်ရှယ်ယာ ရောင်းဝယ်လွှဲပြောင်းနိုင်တဲ့ အိုတီစီ ဖွင့်လှစ်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013