DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးပါတီမရှိဘဲ ဒီမိုကရေစီနိုင်ငံရေး လုပ်လို့မရကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
September 30, 2014
နိုင်ငံရေးပါတီမရှိဘဲ ဒီမိုကရေစီနိုင်ငံရေး လုပ်လို့မရကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

နိုင်ငံရေးပါတီမရှိဘဲ ဒီမိုကရေစီ နိုင်ငံရေးလုပ်လို့မရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၂၉ ရက်နေ့က ပြည်သူ့လွှတ်တော်ကို ရန်ကုန် နိုင်ငံရေး ခေါင်းဆောင်မှုသင်တန်း အပတ်စဉ် ၈ က သင်တန်းသူ သင်တန်းသားတွေ လာရောက်လေ့လာတုန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။

10665276_776661839038985_8922725517672267624_n“နိုင်ငံရေးပါတီဆိုတာ အခုခေတ်မှာ လိုအပ်လို့ ရှိရတာ။ တိုက်ရိုက်ဒီမိုကရေ စီလို့ ပြောလို့ရတယ်။ တိုက်ရိုက်ဒီမိုကရေစီ မဟုတ်တဲ့ခေတ်မှာဆိုရင် သွယ်ဝိုက်တဲ့နည်းနဲ့ သွယ်ဝိုက်ဆိုတာက ပါတီဒီမိုကရေစီပေါ့။ တချို့ဟာဆိုရင် ပါတီ နိုင်ငံရေးနဲ့ အမျိုးသား နိုင်ငံရေးကို ခွဲခြားပြီးပြောတယ်။ ဒါကအမှန်ပြောရရင် အရင်နှစ် ၂၀ တုန်းက အန်အယ်လ်ဒီကို တိုက်ချင်လို့ ပြောတာ။ အန်အယ်လ်ဒီက ပါတီ နိုင်ငံရေးလုပ်နေလို့ပေါ့။ ပါတီနိုင်ငံရေးဟာ နိမ့်ကျတယ်၊  အမျိုးသားနိုင်ငံရေးဟာ မြင့်တယ်လို့ပြောတယ်။ တကယ်တော့ ပါတီနိုင်ငံရေးပဲ လုပ်လို့ရတယ်။ အခုခေတ်မှာတော့ ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေး ခွဲခြားပြီးတော့ ပြောတာဟာ ပွင့်ပွင့်လင်းလင်းပြောရင် ရိုးသားမှုမရှိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လိုမှ နိုင်ငံရေးပါတီမရှိဘဲနဲ့ ဒီခေတ်မှာ ဒီမိုကရေစီ နိုင်ငံရေးလုပ်လို့မရဘူး။ အဲ့တာတော့ ရိုးရိုးလေးနဲ့ နားလည်ဖို့လိုတယ်။ နိုင်ငံရေးပါတီဆိုတာ ဒီခေတ်ရဲ့ လိုအပ်ချက်အရ ပေါ်လာတာ။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီစပြီးကျင့်သုံးနေတဲ့ ဒီလိုနိုင်ငံမျိုးမှာ နိုင်ငံရေးပါတီတွေ အများကြီးပေါ်တတ်ပြီ အရေးကြီးတာက ကိုယ့်ပါတီရဲ့ အခန်းကဏ္ဍကို နားလည်ဖို့လိုကြောင်း၊ သိပ်ပြီးအထင်ကြီးလို့မဖြစ်သလို လျှော့တွက်လို့လည်း မရဘူးလို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013