အမေရိကန်အစိုးရ အကူအညီဖြင့် ၀ဇီရာရုံ ပြင်မည်
DVB
·
September 30, 2014

ရန်ကုန်မြို့လယ် ဗိုလ်ချုပ်လမ်းပေါ်က ၀ဇီရာ ရုပ်ရှင်ရုံကြီးကို အမေရိကန် အစိုးရ အကူအညီနဲ့ ရှေးဟောင်းမူမပျက် မွမ်းမံသွားမှာ ဖြစ်ပြီး ခေတ်မီ ဒီဂျစ်တယ် ရုပ်ရှင်ရုံအဖြစ်လည်း အသွင်ပြောင်းသွားမယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတာဝန်ရှိသူတဦးက ပြောပါတယ်။
ဝဇီရာရုံဟာ သက်တမ်း နှစ်ပေါင်း ၉၀ ကျော်ရှိနေပြီ ဖြစ်တဲ့ ရုပ်ရှင်ရုံ ၁ ရုံ ဖြစ်ပြီး အစိုးရကနေ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို လုပ်ကိုင်ခွင့် ငှားရမ်း ချထားပေးတာ ဖြစ်ပါတယ်။
ဒီ ရုပ်ရှင်ရုံကြီး ပြုပြင်ရေး အတွက် အမေရိကန်အစိုးရနဲ့ အတူ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကလည်း ကူညီ ပံ့ပိုးပေးသွားမယ်လို့ သိရပါတယ်။
