DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဒီမိုကရေစီပြောင်းလဲရေး နိုင်ငံတကာက ကူညီကြရန် နိုင်ငံခြားရေးဝန်ကြီး ပြော
DVB
·
September 30, 2014
မြန်မာ့ဒီမိုကရေစီပြောင်းလဲရေး နိုင်ငံတကာက ကူညီကြရန် နိုင်ငံခြားရေးဝန်ကြီး ပြော
Donate to DVB

မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းကာစပဲ ရှိသေးလို့ နိုင်ငံတကာအနေနဲ့ ဆက်လက်ကူညီဖို့ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က မနေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောဆိုလိုက်ပါတယ်။

[caption id="attachment_66410" align="alignright" width="263"]ဦးဝဏ္ဏမောင်လွင် ဦးဝဏ္ဏမောင်လွင်[/caption]

လွန်ခဲ့တဲ့ ၃ နှစ်က စတင်လုပ်ဆောင်နေ တဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲ မှုတွေကိုလည်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးတွေကနေတဆင့် ဆက်သွားဖို့ ရှိတယ်လို့ အဖွဲ့ဝင် ၁၉၃ နိုင်ငံ ပါဝင်တက်ရောက်တဲ့ ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အစည်းအဝေးရဲ့ opening debate မတိုင်မီ အကြိုနေ့မှာ ပြောကြားလိုက်ပါတယ်။

မြန်မာ့ဒီမိုကရေစီကာလဟာ နုနယ်နေသေးတဲ့ အချိန်ဖြစ်တာကြောင့် တခြားနိုင်ငံတွေရဲ့ အကူးအပြောင်းကာလလိုပဲ  စိန်ခေါ်မှုတွေ အများကြီးကို ရင်ဆိုင်နေရတာကြောင့် မြန်မာအစိုးရအနေနဲ့ အကန့်အသတ်အင်အားနဲ့သာ လုပ်ဆောင်နေရပါတယ် လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် အခြေခံအုတ်မြစ်ချနိုင်ဖို့ စွမ်းရည်နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ နားလည်မှုနဲ့ ဆက်လက် အားပေးကူညီဖို့ လိုအပ်ပါတယ်လို့လည်း ဖြည့်စွက်ပြောဆိုပါတယ်။

မြန်မာအစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနဲ့ တနိုင်ငံလုံးအတိုင်းအတာ အပစ်ရပ် သဘောတူညီချက်ရဖို့ လေးလေးနက်နက် လုပ်ဆောင်နေပြီး လက်နက်ကိုင်အုပ်စု ၁၆ ဖွဲ့မှာ ၁၄ ဖွဲ့နဲ့ သဘောတူညီချက် ရထားပြီးပါပြီလို့လည်း ပြည်တွင်းစစ်နဲ့ပတ်သက်ပြီး ပြောဆိုပါတယ်။

နှစ် ၆၀ ကြာ ပြည်တွင်းစစ်ကို ရပ်ဆိုင်းနိုင်မယ့် လမ်းကြောင်းကို ဖော်ဆောင်ပေးမယ့် နိုင်ငံရေးဆွေးနွေးပွဲအတွက် မူကြမ်းတခုကိုလည်း လုပ်ဆောင်နေပြီး ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်မှုရဖို့ အစိုးရက လိုလိုလားလား လုပ်ဆောင်နေပါတယ်လို့ ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013