စပို့တင်းလစ္စဘွန်းနှင့်ပွဲတွင် ကော်စတာကို အသုံးပြုမည်ဟု မော်ရင်ဟို ပြော

စပို့တင်း လစ္စဘွန်းနဲ့ ကစားမယ့် ပွဲစဉ်မှာ တိုက်စစ်မှူး ဒီယေဂို ကော်စတာကို အသုံးပြု သွားမယ်လို့  ချဲလ်ဆီးနည်းပြ ဟိုဆေး မော်ရင်ဟိုက ပြောဆိုလိုက်ပါတယ်။ Costaတကောက်ကြောဒဏ်ရာ ရှိနေတဲ့ ကော်စတာကို ပွဲထွက် ကစားခွင့်အတွက် အသုံးပြုရတာဟာ စွန့်စားမှု ဖြစ်လိမ့်မယ် လို့လည်း နည်းပြက ၀န်ခံထားပါတယ်။ ဒီပွဲမှာ ဒဏ်ရာရထားတဲ့ ၀ါရင့်တိုက်စစ်မှူး ဒရော့ဘာနဲ့ ကွင်းလယ်သမား ရာမီရက်စ်တို့ ပါဝင်နိုင်မှာ မဟုတ်သေးပါဘူး။ အသက် ၂၅ နှစ်အရွယ် စပိန်တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ် ကစားပြီးတဲ့ ၆ ပွဲမှာ ၈ ဂိုးအထိ ခြေစွမ်းပြ သွင်းယူထားပါတယ်။ အုပ်စုဂျီမှာ ပါဝင်နေတဲ့ ချဲလ်ဆီးအသင်းဟာ အဖွင့်ပွဲစဉ်မှာတုန်းက ရှောကဲနဲ့ တဂိုးစီ သရေကျထားပါတယ်။ စပို့တင်းဟာ အိမ်ကွင်းမှာ ကစားတဲ့ ဥရောပပြိုင်ပွဲ ၁၆ ပွဲမှာ ရှုံးပွဲမရှိသေးတဲ့ အသင်းလည်း ဖြစ်ပါတယ်။

More News
Up