DVB Logo
Home
Lead Story
အိုင်အန်ဂျီအိုဝန်ထမ်းများ ၀င်ငွေခွန်ဆောင်ရရန် အခွန်ဦးစီးဌာန ထုတ်ပြန်
DVB
·
September 30, 2014
အိုင်အန်ဂျီအိုဝန်ထမ်းများ ၀င်ငွေခွန်ဆောင်ရရန် အခွန်ဦးစီးဌာန ထုတ်ပြန်
Donate to DVB

မြန်မာနိုင်ငံတွင်းက နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း (အိုင်အန်ဂျီအို) မှာ အလုပ်လုပ်ကိုင်နေသူတွေအနေနဲ့ ၀င်ငွေခွန် ပေးဆောင်ကြဖို့ ပြည်တွင်းအခွန်ဦးစီးဌာနက တိုက်တွန်းလိုက်ပါတယ်။

tax-pဘာသာရေး၊ ကုသိုလ်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ ဆင်းရဲနွမ်းပါးသူတွေကို ကယ် ဆယ် စောင့်ရှောက်ရေး စတဲ့ အများပြည်သူ အကျိုးအ တွက် ထောက်ပံ့ မှုတွေ ပြုလုပ်နေတဲ့ အိုင်အန်ဂျီအိုတွေကို တည်ဆဲ ကုန်သွယ်လုပ်ငန်းခွန်နဲ့ ၀င်ငွေခွန်ဥပဒေတွေအရ အခွန်ကင်းလွတ်ခွင့် အရင်က ပေးထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ၁၉၅၄ ခုနှစ် ကုလသမဂ္ဂ အခွင့်အရေးများနဲ့ ကင်းလွတ်ခွင့်များ အက်ဥပဒေ၊ ၁၉၆၁ ခုနှစ် သံတမန်ဆက်ဆံရေးနဲ့ စပ်လျဉ်းတဲ့ ဗီယင်နာကွန်ဗန်းရှင်း သဘောတူစာချုပ်၊ ၁၉၆၃ ကောင်စစ်ဝန် ဆက်ဆံရေးနဲ့ စပ်လျဉ်းတဲ့ ဗီယင်နာ ကွန်ဗန်းရှင်းသဘောတူစာချုပ်တွေအရ ၀င်ငွေခွန် ကင်းလွတ်ခွင့် မပြုထားတဲ့ အိုင်အန်ဂျီအိုအဖွဲ့တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေအနေနဲ့ ၀င်ငွေခွန် ပေးဆောင်ဖို့ တာဝန်ရှိတဲ့အကြောင်း ပြည်တွင်းအခွန်များ ဦးစီး ဌာနက အသိပေးစာတစောင် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013