မိကျောင်းကန်သပိတ်စခန်း အောက်တိုဘာ ၃ ရက် နောက်ဆုံးထားရွှေ့ရန် အမိန့်ထုတ်
DVB
·
September 30, 2014
ရန်ကုန် မြို့တော် ခန်းမရှေ့မှာ ဖွင့်လှစ်ထားတဲ့ မိကျောင်းကန် သပိတ်စခန်းကို အောက်တိုဘာ ၃ ရက်နေ့ နောက်ဆုံးထား ရွှေ့ပေးဖို့ အာဏာပိုင်တွေက သတိပေးစာ ကပ်သွားပါတယ်။
သပိတ်စခန်း ဖွင့်လှစ်ထားသူတွေ ကတော့ မြေသိမ်းခံရ သူတွေရဲ့ ပြဿ နာကို အစိုးရက ပြေ လည်အောင် ဖြေရှင်းနိုင်မှ သပိတ်စခန်းကို ရုပ်သိမ်းမယ် လို့ ပြောဆိုထားပါတယ်။
အစိုးရအနေနဲ့ သတ်မှတ်ရက်အတွင်း မိကျောင်းကန် သပိတ်စခန်း ကိစ္စကို ပြေလည်အောင် ဖြေရှင်းနိုင်မလား ဒါမှမဟုတ် အကြမ်းဖက် ဖြေရှင်းမလားဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန် ရပ်ကွက်မှာ စစ်တပ်က သိမ်းထားတဲ့ မြေတွေ ပြန်ရလိုမှုနဲ့ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေတာ ၆ လကျော် နေပြီ ဖြစ်ပါတယ်။