DVB Logo
Home
မြန်မာသတင်း
ပျောက်ဆုံး ရဟတ်ယာဉ် ၂ ရက်ကျာ်အထိ မတွေ့သေး
DVB
·
September 29, 2014
ပျောက်ဆုံး ရဟတ်ယာဉ် ၂ ရက်ကျာ်အထိ မတွေ့သေး
Donate to DVB

ခါကာဘိုရာဇီ တောင်ခြေစခန်းကို ပြီးခဲ့တဲ့ စနေနေ့ မွန်းလွဲပိုင်းက ရိက္ခာပို့ဖို့သွားရင်း ပျောက်ဆုံးသွားခဲ့တဲ့  ရဟတ်ယာဉ်ကို ၂ ရက်ကျော်ကြာလာတဲ့ အထိမတွေ့သေးဘူးလို့ ရှာဖွေမူလုပ်နေတဲ့ ထူးဖောင်ဒေးရှင်းက ပြောပါတယ်။

[caption id="attachment_66386" align="alignright" width="300"]ဓာတ်ပုံ - ထူးဖောင်ဒေးရှင်း ဓာတ်ပုံ - ထူးဖောင်ဒေးရှင်း[/caption]

ပြီးခဲ့တဲ့ ၁ လလောက်က ခါကာဘိုရာ ဇီ ရေခဲတောင် တက်ရင်း ပျောက် ဆုံးခဲ့တဲ့ တောင် တက်သမား ၂ ဦးကို ရှာဖွေဖို့ ထိုင်းနိုင်ငံ၊ Advance Aviation ကနေ ငှားရမ်းထားတဲ့ B4 အမျိုးအစားရ ဟတ်ယာဉ် ၁ စီး ပျောက်ဆုံးနေတာပါ။

ဒီရဟတ်ယာဉ်က ပူတာအိုမြို့ကနေ အခြေစိုက်စခန်းရှိတဲ့ တဟွန်ဒမ်းကျေးရွာကို ရိက္ခာပို့ဖို့သွားရင်း ပျောက်ဆုံးခဲ့တာဖြစ်ပြီး အဲဒီရဟတ်ယာဉ်မှာ ထိုင်းလူမျိုးရဟတ်ယာဉ်မှူးနဲ့အတူ မြန်မာရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုး၊ တောင်တက်သမား ဦးရွှေရင်တော်ကြီးတို့ ၃ ဦး လိုက်ပါသွားတာဖြစ်ပါတယ်။

ထူးဖောင်ဒေးရှင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုကတော့ ပျောက်နေတဲ့ တောင်တက်သမားနှစ်ဦး နဲ့ စနေနေ့က ထပ်မံ ပျောက်ဆုံးခဲ့တဲ့ ရဟတ်ယာဉ်ကို အပိုင်း ၂ ပိုင်း ခွဲပြီး ရှာဖွေမူတွေ ဆက်လုပ်နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“လက်ရှိမှာ ၂ ပိုင်းပေါ့။ ပျောက်ဆုံးနေတဲ့ မြန်မာတောင်တက်သမား ၂ ဦးကို ရှာဖွေကယ်ဆယ်ရေးအပိုင်းနဲ့ ထပ်မံပြီးတော့ သတင်းစ ပျောက်သွားတဲ့ ထိုင်းနိုင်ငံက B4 အမျိုးအစားရဟတ်ယာဉ်ကို သတင်းဆက်သွယ်မှု ပြန်လည်ရရှိအောင် အမြန်ဆုံး ပျောက်ဆုံးနေတဲ့အပိုင်း ၂ ပိုင်းရှိမှာပေါ့။ အဓိက ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ဦးလုံးကို အသက်ရှင်လျက် ပြန်လည်တွေ့နိုင်ဖို့ ကြိုးစားပြီး ဆောင်ရွက်နေတယ်။ အကုန်လုံးကတော့ ဒီလိုမျှော်လင့်နေလို့ ခံယူချက်နဲ့ ဆောင်ရွက်နေကြတာပါ။ အင်အားကို ၂ ဆတိုးမြှင့်ပြီး အဆက်သွယ်ပြတ်တောက်သွားတဲ့ ရဟတ်ယာဉ်ကို ရှာဖွေကယ်ဆယ်မှုတွေ လုပ်သလို တဖက်ကလည်း ကျနော်တို့ နဂိုရည်မှန်းထားတဲ့ ပျောက်ဆုံး တောင်တက်သမား ၂ ဦးကို ရှာဖွေရေးအပိုင်း ဆက်လုပ်နေပါတယ်။”

ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်နေ့က စလို့ ခါကာဘိုရာဇီ တောင်တက်ရင်း အဆက်အသွယ် မရတော့တဲ့ သဘာဝခေါ်သံ ဖောင်ဒေးရှင်းက တောင်တက်သမား ၂ ဦးဖြစ်တဲ့ ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူတို့ ၂ ဦးကိုလည်း ထူးဖောင်ဒေးရှင်းရဲ့ ခြေလျင်ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ဝင်က မနေ့က ပေပေါင်း ၁ သောင်း ၉ ထောင်ထိ တက်ရောက်ရှာဖွေခဲ့ပေမယ့် တွေ့ရှိခြင်းမရှိခဲ့ပါဘူး။

ရာသီဥတုဆိုးရွားပြီး မိုးရွာသွန်းမှု၊ မြူထူထပ်မူတွေက ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ဦးကို ရှာဖွေရာမှာ  အခက်အခဲဖြစ်နေတယ်လို့လည်း ဦးဖြိုးကိုကိုက ပြောပါတယ်။

“တောင်တက်ပစ္စည်း ကိရိယာတွေ၊ လိုအပ်တဲ့ စားနပ်ရိက္ခာတွေနဲ့ လိုအပ်တဲ့အပိုင်းတွေ အကုန်လုံးကတော့ အခက်အခဲ မရှိပါဘူး။ အဓိက အခက်အခဲဖြစ်တာက ပူတာအိုဒေသရဲ့ ရာသီဥတုအခြေအနေ။ နောက် Kalmaegi တိုင်ဖုန်းမုန်တိုင်းပေါ့၊ မြန်မာနိုင်ငံ မြောက်ဖျားပိုင်းကို ၀င်ရောက်ပြီးတော့ အကျိုးသက်ရောက်မှု သွားရှိတဲ့အတွက် မိုးအရမ်းရွာတာတို့၊ မြူနင်းပိတ်တာ၊ တိမ်တွေ ပိတ်တာတွေက အဓိက ကျနော်တို့အတွက် အခက်အခဲ ဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ဦးတို့ကို စက်တင်ဘာလ ၂၇ ရက်နေ့ ရှာဖွေရေး နောက်ဆုံးနေ့အဖြစ် သတ်မှတ်ခဲ့ပေမယ့်  ရဟတ်ယာဉ်တစီး ထပ်ပြီး ပျောက်ဆုံးခဲ့တဲ့အတွက် အခုလိုရက်တိုးပြီး  ဆက်လက် ရှာဖွေနေတာ ဖြစ်ပါတယ်။

ပျောက်ဆုံး မြန်မာတောင်တက်သမား ၂ ဦးနဲ့ ထိုင်းရဟတ်ယာဉ်ကို ရှာဖွေဖို့ တရုတ်နိုင်ငံက အရပ်သား ကယ်ဆယ်ရေးအဖွဲ့က ကျွမ်းကျင်သူ ၂ ဦး ရန်ကုန်ကို မနေ့က ရောက်ရှိလာပါတယ်။

ကယ်ဆယ်ရေးသမား ၂ ဦးဟာ အရပ်သားကယ်ဆယ်ရေးအဖွဲ့ (Blue Sky Rescue Team)ကနေ လာရောက် ကူညီတာ ဖြစ်ပြီး နောက်ထပ် တရုတ် ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၇ ဦး ဒီနေ့ ထပ်မံ ရောက်ရှိဦးမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013