၂၂ လပြည့် လက်ပံတောင်း သပိတ်စခန်းဖြိုခွင်းမှု ချီတက်ဆန္ဒပြ (ဓာတ်ပုံ)

လက်ပံတောင်း သပိတ်စခန်းကို အကြမ်းဖက်ဖြိုခွင်းမှု ၂၂ လပြည့် အထိမ်းအမှတ်အနေနဲ့ မုံရွာ၊ ယင်းမာပင်ခရိုင်ထဲက တုံရွာ၊ ဇီးကုန်းရွာ၊ ဆည်တဲရွာတွေက ရာနဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ဒီနေ့ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်သွားပါတယ်။ သူတို့ဟာ လက်ပံတောင်း တောင်ခြေကနေ ချင်းတွင်းမြစ်ကမ်းအထိ လမ်းလျှောက်ချီတက်ခဲ့ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး၊ မီးလောင်ဗုံး သုံးပြီး အကြမ်းဖက်ခဲ့တဲ့ တရားခံများ ဖော်ထုတ်ရေးနဲ့ မတရားဖမ်းဆီးခံထားရတဲ့ ကျောင်းသူ မဖြူနှင်းထွေး လွတ်မြောက်ရေးစတဲ့ တောင်းဆိုချက် ၃ ခုနဲ့ ဆန္ဒဖော်ထုတ်ခဲ့တာပါ။ ဒီလှုပ်ရှားမှုကို ဒေသခံ အာဏာပိုင်တွေက တားဆီးပိတ်ပင်မှု မရှိခဲ့ဘဲ အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးခဲ့ပါတယ်။ [gallery ids="66378,66379,66380"]  

More News
Up