အမ်အေအိုင်က အောက်တိုဘာတွင် ဂျပန်၊ ကိုရီးယား ပြေးဆွဲတော့မည်
DVB
·
September 29, 2014
မြန်မာအဲယားဝေးအင်တာနေရှင်နယ် (အမ်အေအိုင်) ဟာ လာမယ့် အောက်တိုဘာ ၈ ရက်နေ့မှာ ရန်ကုန်- အိုဆာကာ၊ အောက်တိုဘာ ၂၆ ရက်နေ့မှာ ရန်ကုန်- ဆိုးလ်ခရီးစဉ်တွေကို စ ပြီး ပြေးဆွဲသွားမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
မြန်မာ - ဂျပန်ခရီးစဉ်ကို ၁ ပတ် ၃ ကြိမ်၊ မြန်မာ - တောင်ကိုရီးယားခရီးစဉ်ကို ၁ ပတ် ၅ ကြိမ် ပြေးဆွဲမှာ ဖြစ်ပြီး အသွားအပြန် ဈေးနှုန်းတွေကတော့ ဂျပန်ကို ဒေါ်လာ ၇၀၀ နဲ့ တောင်ကိုရီးယားကို ဒေါ်လာ ၆၀၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ဒီမတိုင်ခင်ကတော့ အမ်အေအိုင်ဟာ တောင်ကိုရီးယားခရီးစဉ်တွေကို ကိုရီးယားအဲ၊ အေရှန်နာ လေကြောင်းလိုင်းတွေနဲ့ အကျိုးတူ ပူးပေါင်း ပြေးဆွဲခဲ့ဖူးပါတယ်။