တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲ ကျင်းပ
DVB
·
September 29, 2014
တိုင်းရင်းသားလူငယ်များဖိုရမ် ပေါ်ပေါက်လာဖို့အတွက် တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲကို မွန်ပြည်နယ် မော်လမြိုင်မြို့က ရွှေမြင့်မိုရ်ထွန်းဟိုတယ်မှာ စက်တင်ဘာ ၂၉ ရက်နေ့ကနေ အောက်တိုဘာ ၁ ရက်နေ့ အထိ ကျင်းပနေပါတယ်။
[caption id="attachment_66339" align="alignright" width="300"] ဓာတ်ပုံ - မင်းမင်းနွယ်[/caption]
ကချင်၊ ရှမ်း၊ ကရင်နဲ့ မွန်လူငယ်အဖွဲ့အ စည်းတွေ အပါအဝင် မြန်မာ နိုင်ငံအနှံ့က တိုင်းရင်းသား လူငယ်အဖွဲ့ ၇၀ ကျော်နဲ့ နိုင်ငံရေးပါတီတွေက လူငယ်အဖွဲ့ ၂၀ ကျော်က လာရောက်ပူးပေါင်းပြီး လူငယ်နဲ့ ငြိမ်းချမ်းရေး၊ ပညာရေး၊ မူးယစ်ဆေးဝါးနဲ့ သဘာဝပတ်ဝန်းကျင် အရေးတွေကို ၃ ရက်အကြာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
အခု ကျင်းပနေတဲ့ တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲကို တိုးတက်သော မွန်လူငယ်များအစည်းအရုံး (အမ်ဝိုင်ပီအို) က ဦးဆောင်ကျင်းပတာ ဖြစ်ပါတယ်။