DVB Logo
Home
မြန်မာသတင်း
လွှတ်တော် ၂ ရပ်တွင် အဆိုမတင်သွင်းသည့် အမတ် ၃၀၇ ဦးရှိ
DVB
·
September 29, 2014
လွှတ်တော်  ၂ ရပ်တွင် အဆိုမတင်သွင်းသည့် အမတ် ၃၀၇ ဦးရှိ
Donate to DVB

လွှတ်တော် ၂ ရပ်ရဲ့ အစည်းအဝေး ၉ ကြိမ်အတွင်းမှာ မေးခွန်းမေး၊ အဆိုမသွင်းတဲ့အပြင် ၀င်ရောက်ဆွေးနွေးတာပါ မရှိတဲ့ လွှတ်တော်အမတ် ၃၀၇ ဦး ရှိတယ်လို့ ပွင့်လင်း မြန်မာ့ရှေ့ဆောင်အဖွဲ့က ပြုစုထားတဲ့ လွှတ်တော်လေ့လာစောင့်ကြည့်ရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

parlimentပြည်သူ့လွှတ်တော် မှာ ရွေးကောက်ခန့် အပ်ခံရဖူးသူ ၅၀၈ ယောက်ရှိတဲ့အနက် ၂၁၇ ယောက်၊ အမျိုးသား လွှတ်တော် ကို ရွေးကောက်ခန့် အပ်ခံရဖူးသူ ၂၃၅ ယောက်ရှိတဲ့အနက် အယောက် ၉၀ ဟာ မေးခွန်းမေးတာ၊ အဆိုတင်တာ မလုပ်တဲ့အပြင် ၀င်ရောက်ဆွေးနွေးတာတွေပါ မလုပ်ဘူးလို့ ဖော်ပြထားတာပါ။

ဖွဲ့စည်းပုံတွေအရ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် အယောက် ၄၄၀ နဲ့ အမျိုးသားလွှတ်တော်မှာ ၂၂၄ ယောက်ရှိတယ်ဆိုပေမယ့် တပ်မတော်သားကိုယ်စားလှယ်တွေကို အစားထိုးလေ့ရှိတာကြောင့်  ရွေးကောက်ခန့်အပ်ခံရဖူးသူ အရေအတွက်က ဖွဲ့စည်းပုံထက် ပိုများနေတာပါ။

ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ဟာ လွှတ်တော်တွေကို စောင့်ကြည့်လေ့လာပြီး အစီရင်ခံစာတွေ ထုတ်ဝေလာတာ စက်တင်ဘာလနဲ့ဆိုရင် သုံးကြိမ်ရှိပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013