ဟောင်ကောင် ဒီမိုကရေစီ တောင်းဆိုသူများနှင့်ရဲတပ်ဖွဲ့ အဓိကရုဏ်းဖြစ်

ဟောင်ကောင်မှာ ဒီနေ့ အစောပိုင်း ရဲက ဒီမိုကရေစီတာင်းဆိုနေတဲ့ ဆန္ဒပြသမားတွေကြားထဲကို မျက်ရည်ယိုဗုံးတွေ ပစ်သွင်းပြီး လူစုခွဲဖို့ ကြိုးစားခဲ့တဲ့အတွက် အဓိကရုဏ်းဖြစ်ပွားခဲ့ပါတယ်။ 1411949657761အစောပိုင်းမှာ အစိုးရရုံးတွေ ရှိတဲ့ မြို့နယ်ထဲက  လမ်းတွေကို ပိတ်ထားတဲ့ လူအုပ်ထဲကို ရဲက  နံပါတ်တုတ်တွေနဲ့ ၀င်ပြီး လူစုခွဲဖို့ ကြိုးစားခဲ့လို့ အခုလို ဖြစ်ပွားခဲ့တာပါ။ 1411949658072ဆန္ဒပြသမားတွေကို အခုလို မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲတာဟာ ဟောင်ကောင်မှာ ၂၀၀၅ ခုနှစ်နောက်ပိုင်း ပထမဆုံး ဖြစ်ပါတယ်။ ဟောင်ကောင်ကို ဗြိတိသျှတွေက တရုတ်ပြည်ကို လွှဲပေးခဲ့တဲ့ ၁၉၉၇ ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံး မငြိမ်သက်မှုလည်း ဖြစ်ပါတယ်။ 1411949657933ဟောင်ကောင်မှာ ဒီမိုကရေစီ တောင်းဆိုမှုဟာ တခြားမြို့တွေဆီကို ကူးစက်သွားမှာကို စိုးရိမ်နေတဲ့ တရုတ်ကွန်မြူနစ်ခေါင်းဆောင်တွေအတွက်လည်း ကြီးမားတဲ့ စိန်ခေါ်မှုတခု ဖြစ်ပါတယ်။ ရဲတွေက ရာဘာကျည်ဆန်တွေကို သုံးလာနိုင်လို့ ကျောင်းသားတွေ၊ ဆန္ဒပြခေါင်းဆောင်တွေက သတိပေးနေပေမယ့် ဆန္ဒပြသမား ထောင်နဲ့ ချီပြီး အစိုးရအဆောက်အအုံနားမှာ ဆက်ရှိနေပါတယ်။ 1411949657851ရဲအဖွဲ့ကလည်း နေရာ ၅ နေရာမှာ တန်းစီ စောင့်နေပါတယ်။ အစောပိုင်းမှာ ရဲက ဆန္ဒပြသမားတွေကို ငရုပ်ကောင်းရည်တွေနဲ့ ဖြန်းပြီး လူစုခွဲဖို့ ကြိုးစားသလို၊ မျက်ရည်ယိုဗုံးတွေကို လေထဲမှာ ဖောက်ခွဲခဲ့လို့ ဆန္ဒပြသမားတွေက ထီးတွေနဲ့ အကာအကွယ်ယူခဲ့ကြပါတယ်။ ဗြိတိသျှတွေက ဟောင်ကောင်ကို တရုတ်ပြည်လက်ထဲ ပြန်လွှဲပေးတဲ့အချိန်ကစလို့ တနိုင်ငံ စနစ်နှစ်မျိုး မူဝါဒကို ကျင့်သုံးပါတယ်။ တရုတ်ပြည်မကြီးမှာ ပြည်သူတွေ မရတဲ့ လွတ်လပ်မှု ရေချိန်ကို ဟောင်ကောင်ပြည်သူတွေက ရရှိခဲ့သလို အချိန်တန်ရင် အရွယ်ရောက်သူတိုင်း မဲပေးခွင့် ရစေရမယ်ဆိုတဲ့ ကတိက၀တ်လည်း ရှိခဲ့ပါတယ်။ ဒါပေမယ် လာမယ့် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲမှာ ပြည်သူတွေက လွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်ကို တရုတ်ပြည်မကြီးက ပယ်ချလိုက်တဲ့အတွက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာဖြစ်ပါတယ်။

More News
Up