တနိုင်ငံလုံးသိမ်းထားတဲ့လယ်မြေ စက်တင်ဘာလကုန် အပြီးပြန်ပေးဖို့ မဖြစ်နိုင် (မေးမြန်းချက်)

မကွေးတိုင်းအမျိုးသားလွှတ်တော်အမတ် ဦးလှဆွေ
တနိုင်ငံလုံးမှာ အစိုးရ၊ ကုမ္ပဏီနဲ့ စစ်တပ်က သိမ်းထားတဲ့ လယ်မြေတွေကို စက်တင်ဘာလကုန် နောက်ဆုံးထားပြီး ပြန်ပေးဖို့ မဖြစ်နိုင်တော့ဘူးလို့ မကွေးတိုင်း၊ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူတွေ နစ်နာမှု မရှိစေရေး စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင် ဦးလှဆွေက ပြောပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်ထဲ လယ်မြေကော်မရှင်က အစီရင်ခံစာ အပိုင်း-၃ကို ပြည်ထောင်စု လွှတ်တော်ထံ တင်သွင်းခဲ့တုန်းက အစိုးရအနေနဲ့ သိမ်းထားတဲ့လယ်မြေတွေကို ၂၀၁၄ စက်တင်ဘာလကုန် အပြီးပြန်ပေးဖို့ တိုက်တွန်းတောင်းဆိုခဲ့တာ ဖြစ်ပေမယ့် အခုတော့ မဖြစ်နိုင်တော့ဘူးလို့ သူက ပြောပါတယ်။ အဓိက ၂ ချက်ရှိပြီး တချက်က သိမ်းထားတဲ့ ၀န်ြးဌာနတွေ အလုပ်မလုပ်တာနဲ့ သိမ်းထားပြီး ကိုယ်တိုင် မလုပ်ဘဲ သီးစားချထားခဲ့တာကြောင့် အခု လယ်ပြန်ပေးဖို့လုပ်တော့ သီးစားချထား သူနဲ့ မူလပိုင်ရှင်တွေ အပြင်းပွားနေကြတာကြောင့် ဖြစ်တယ်လို့လဲ ဦးလှဆွေက သုံးသပ်ပြောပါ တယ်။ မကွေးတိုင်းအမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကို ဆက်သွယ်မေးမြန်းထားပါတယ်။

More News
Up