
ပီအာလို့ ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုစနစ်ကို ပြည်သူ့လွှတ်တော်မှာ တင်သွင်းတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ကို ပုဇွန်တောင်မြို့နယ် ပြည်သူတွေက ဒီကနေ့ စက်တင်ဘာ ၂၈ ရက်နေ့မှာ ကန့်ကွက် ဆန္ဒပြကြပါတယ်။
လူဦးရေ ၃၀၀ ပါဝင်ဖို့ ခွင့်ပြုမိန့် တောင်းထားပြီး ပုဇွန်တောင်ပန်းခြံကနေ စတင်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ဟာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီကို ကိုယ်စားပြုပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ပုဇွန်တောင်မြို့နယ်ကနေ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဓာတ်ပုံ - အေးမမမျိုး
[gallery ids="66263,66264,66265,66266,66267,66268,66269,66270,66271"]











