DVB Logo
Home
မြန်မာသတင်း
အစိုးရ၊ တိုင်းရင်းသားခေါင်းဆောင်နှင့် နိုင်ငံရေးပါတီများ ဒုတိယအကြိမ်တွေ့ဆုံ
DVB
·
September 27, 2014
အစိုးရ၊ တိုင်းရင်းသားခေါင်းဆောင်နှင့် နိုင်ငံရေးပါတီများ ဒုတိယအကြိမ်တွေ့ဆုံ
1 / 4
Donate to DVB

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဦးအောင်မင်းဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ)၊ နိုင်ဟံသာဦးဆောင်တဲ့ တပြည်လုံးအပစ်ရပ် ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)နဲ့ နိုင်ငံရေးပါတီ ၆၀ ကျော် ဒုတိယအကြိမ်အဖြစ် ဒီကနေ့ အလွတ်သဘော တွေ့ဆုံနေပါတယ်။

အစိုးရနဲ့ တိုင်းရင်သားကိုယ်စားလှယ်တွေ ပြီးခဲ့တဲ့ ၅ ရက်တာ အပစ်ရပ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် ရောက်ရှိနေတာဖြစ်ပြီး နိုင်ငံရေးပါတီတွေ တောင်းဆိုချက်အရ ဒုတိယအကြိမ် တွေ့ဆုံတာဖြစ်တယ်လို့ ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) ဒုတိယဥက္ကဋ္ဌ ဦးစောသန်းမြင့်က ဒီဗွီဘီကို ပြောကြားပါတယ်။

“ဒီတခေါက်က အစည်းအဝေး ရက်ကြာတယ်။ အဲဒါကြောင့်မို့လို့ ၂၀ ရက်နေ့က ကြိုပြီး တောင်းဆိုထားလိုက်တဲ့အခါကျတော့ ရက်ကို ချိန်လို့ရတယ်။ ဒီလိုဟာမျိုးဆိုတာ ဖြစ်တောင့် ဖြစ်ခဲ့လေ။ ဟိုတခေါက်ကလည်း ကျနော်တို့ တွေ့ဆုံပြီးပြီ။ ဒီတကြိမ် တကယ်လို့ မတွေ့ဆုံဖြစ်ဘူး ဆိုရင် နောက်တကြိမ်တွေ့ဆုံဖို့ဆိုတာ မရေရာတော့ဘူး။ ဒါကြောင့်မို့လို့ တွေ့တဲ့အခါမှာ အမိအရ အားလုံး တက်ညီလက်ညီ တွေ့ဆုံသင့်တယ်။ ပူးပေါင်းပြီး ရင်းရင်းနှီးနှီးတွေ့ဆုံသင့်တယ်လို့ အကြံရတာပါ။ အလွတ်သဘော တွေ့ဆုံတာပါ။ ဘာမှ အထွေအထူး ဆွေးနွေးတင်ပြဖို့တော့ မရှိဘူး။”

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ)နဲ့ တပြည်လုံးအပစ်ရပ် ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)တို့ကနေ လက်ရှိ အပစ်ရပ်ဆဲရေး ဆောင်ရွက်နေမှုတွေကို ရှင်းပြတာဖြစ်ပြီး အပစ်ရပ်လတ်မှတ်ထိုးပြီး ဆောင်ရွက်သွားမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ နိုင်ငံရေးပါတီတွေ ပါဝင်ဖို့အတွက် အလွတ်သဘော တွေ့ဆုံနေတာဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ၊ ဒုဥက္ကဋ္ဌ ဦးအောင်မင်းကတော့ လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ နိုင်ငံရေးပါတီတွေကို ဆွေးနွေးဘက်အနေနဲ့ ပါဝင်စေချင်တဲ့ အတွက် အခုလို ကြိုတင်တွေ့ဆုံတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ယခုကဲ့သို့ ဒုတိယအကြိမ် တွေ့ဆုံနိုင်ခြင်းဟာ စစ်မှန်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်ရန် ယနေ့ကဲ့သို့ ၃ ပွင့်ဆိုင် နိုင်ငံရေး အင်အားစုများ တွေ့ဆုံပြင်ဆင်ခြင်းအားဖြင့် လိုအပ်မည့် အပြန်အလှန်ယုံကြည်မှုများ တည်ဆောက်သွားနိုင်မှာ ဖြစ်ပါတယ်။ ယခု ကျနော်တို့ ကြိုးပမ်းဆောင်ရွက်လျှက်ရှိတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ နိုင်ငံရေးဆွေးနွေးပွဲများကို နိုင်ငံရေး အင်အားစုများအားလုံး ဆွေးနွေးဘက်များ အနေနဲ့ ပါဝင်စေလိုတဲ့အတွက် ယခုကဲ့သို့ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေရခြင်း ဖြစ်ပါတယ်။”

တပြည်လုံးအပစ်ရပ် ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ခေါင်းဆောင်နိုင်ဟံသာကတော့ တိုင်းရင်းသားတွေရဲ့ အခြေခံအခွင့်အရေးတွေရရင် ဒီနိုင်ငံကနေ တွန်းထုတ်တာတောင် ခွဲမထွက်ဘူးလို့ နိုင်ငံရေးပါတီတွေကို ပြောကြားပါတယ်။

“ကျနော်တို့ ဒီနိုင်ငံမှာ ကျနော်တို့ တိုင်းရင်းသားတွေအတွက် အခြေခံအခွင့်အရေး၊ မွေးရာပါ အခွင့်အရေး၊ ရသင့်ရထိုက်တဲ့ အခွင့်အရေး ဒါတွေ အပြည့်အ၀ ရှိမယ်ဆိုရင် တွန်းထုတ်တာတောင် ခွဲမထွက်ပါဘူး။ တန်းတူမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခြေခံပေါ်မှာ စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်ရင် ကျနော်တို့နိုင်ငံမှာကတော့ ကျနော်တို့နိုင်ငံခွဲထွက် သွားမလားဆိုတာ ပူစရာတော့ မလိုဘူးလို့ ကျနော်က အဲဒီလို မြင်ပါတယ်။”

ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့ ပထမအကြိမ် အစည်းအဝေးကတော့ နိုင်ငံရေးပါတီ ၃၀ ကျော်က အစိုးရ၊ တိုင်းရင်းသားခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အတွက် ထောက်ခံခဲ့ပါတယ်။

ဒီနေ့တွေ့ဆုံပွဲမှာတော့  နိုင်ငံရေးပါတီ ၆၀ ကျော် တက်ရောက်ခဲ့ပေမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအ၀င် ပါတီတချို့ တက်ရောက်ခြင်း မရှိပါဘူး။

စက်တင်ဘာလ ၂၂  ရက်နေ့ကနေ မနေ့ကအထိ မြန်မာငြိမ်းချမ်းရေးစင်တာမှာ တပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အတွက် ယူပီဒဗလျူစီနဲ့ အန်စီစီတီတို့ ဆဋ္ဌမအကြိမ် တွေ့ဆုံပြီး ယူပီဒဗလူစီနဲ့ အန်စီစီတီအဖွဲ့တွေကနိုင်ငံရေးပါတီ ၆၀ ကျော်နဲ့ ဒုတိယအကြိမ်တွေ့ ခဲ့တာလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ - ထွန်းထွန်းသိန်း

[gallery ids="66194,66195,66196,66197"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013