DVB Logo
Home
မြန်မာသတင်း
အစိုးရတပ်နှင့် ဒီကေဘီအေ ပစ်ခတ်မှုဖြစ်
DVB
·
September 26, 2014
အစိုးရတပ်နှင့် ဒီကေဘီအေ ပစ်ခတ်မှုဖြစ်
Donate to DVB

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းမှာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (ဒီကေဘီအေ) နဲ့ အစိုးရတပ်အကြား ဒီကနေ့ မွန်းလွဲက တိုက်ပွဲဖြစ်ကြပါတယ်။

ကျိုက်မရောမြို့နယ် ကရင်တောကျေးရွာအနီးမှာ မွန်းလွဲ ၂ နာရီလောက်မှာ ဒီကေဘီ အေတပ်နဲ့ အစိုးရ စကခ ၁၉ တပ်တို့  တိုက်ပွဲဖြစ်တာပါ။

dkbaဒီကေဘီအေ မြ၀တီ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က ဒီဖြစ်ရပ်နဲ့ပတ် သက်လို့ ပြောဆိုရာမှာ ဒီကေဘီအေ ကလိုထူးဘော ဗျူဟာဌာန လာက်အောက် ဗိုလ်မှူး ၀င်းဇော်လင်း အခြေပြုရာနေရာကို အစိုးရတာဝန်ရှိသူတွေက ၀င်စစ်ဆေးတဲ့အပေါ် ဗိုလ်မှူး ၀င်းဇော်လင်းက စစ်ဆေးတဲ့ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) နဲ့ ရဲ စုစုပေါင်း (၈) ဦးကို ဖမ်းဆီးခဲ့ကြောင်းနဲ့ ပြန်လွှတ်ဖို့ ညှိနှိုင်းရာမှာ အဆင်မပြေဖြစ်ပြီး ပစ်ခတ်ကြတာဖြစ်ကြောင်း ရှင်းပြပါတယ်။

ဒီပစ်ခတ်မှုကြောင့် အစိုးရတပ်က တဦးဒဏ်ရာရှိသွားကြောင်း၊ ဖမ်းဆီးထားသူတွေကိုတော့ တဖက်နဲ့တဖက် ယုံကြည်မှုတည်ဆောက်ပြီးရင် ပြန်လွှတ်ပေးဖို့ ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရတပ်ကို ဆက်သွယ်မေးမြန်းလို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း မြ၀တီမြို့မှာ ဒီကေဘီအေတပ်ဖွဲ့က ဗိုလ်လင်းနိုင်ဟာလည်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါတယ်။

ဒီကေဘီအေ အဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့ဖြစ်ပြီး လက်ရှိမှာ အစိုးရနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ဖို့ ပါဝင်ဆွေးနွေး နေပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013