ချယ်ဆီးနည်းပြအဖွဲ့ဝင်များ အင်းလျားလိတ်ဟိုတယ်တွင် သတင်းစာရှင်း
DVB
·
September 26, 2014
မြန်မာနိုင်ငံကို ဒီနေ့ မနက်ပိုင်း ရောက်လာတဲ့ ချယ်ဆီးနည်းပြ အဖွဲ့ဝင်တွေဟာ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ တင်းစာရှင်းပွဲပြုလုပ်ခဲ့ပါတယ်။
အင်္ဂလိပ် ပရီးမီးယားလိဂ်မှ ထိပ်သီးအသင်းတသင်းဖြစ်တဲ့ ချယ်လ်ဆီး ဘောလုံးအသင်းရဲ့ အာရှပစိဖိတ်ဒေသ ညွှန်ကြားရေးမှူးနဲ့ ၀ါရင့်နည်းပြအချို့ဟာ ဒီကနေ့ ရန်ကုန်မြို့ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
သူတို့ဟာ ရန်ကုန်မှာ ၃ ရက်ကြာ နေထိုင်ပြီး ဘောလုံးဝါသနာရှင်လူငယ်တွေအတွက် စခန်းသွင်း လေ့ကျင့်မှုတွေ ပြုလုပ်ပေးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
အဲဒီစခန်းကို သုဝဏ္ဏမြက်ခင်းတုကွင်းမှာ စက်တင်ဘာ ၂၇ ရက်နဲ့ ၂၈ ရက် မနက် ၉ နာရီက ညနေ ၄ နာရီအထိ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
[gallery ids="66161,66160,66159,66158,66157,66156,66154,66153,66152,66151"]