DVB Logo
Home
မြန်မာသတင်း
စက်​မှုဝန်​ကြီးဌာန ၂ နှစ်​အတွင်း ကျပ်​သန်း ၉ သောင်း​ခန့်​ အရှုံး​ပေါ်
DVB
·
September 26, 2014
စက်​မှုဝန်​ကြီးဌာန ၂ နှစ်​အတွင်း ကျပ်​သန်း ၉ သောင်း​ခန့်​ အရှုံး​ပေါ်
Donate to DVB

စက်​မှုဝန်​ကြီးဌာနအ​နေနဲ့ ၂၀၁၂-၁၃ နဲ့ ၂၀၁၃-၁၄ ၂ နှစ်​အတွင်းမှာ လုပ်​ငန်း​ဆောင်​ရွက်​ရင်း ကျပ်​သန်း​ပေါင်း ၈ ​သောင်း ၈ ​ထောင်​​ကျော်​ အရှုံး​ပေါ်ခဲ့တယ်​လို့ ဒုတိယ ၀န်​ကြီး ဦးသိန်း​အောင်​က ဒီ​နေ့ ကျင်းပတဲ့ ပြည်​​ထောင်​စုလွှတ်​​တော်​အစည်းအ​ဝေးမှာ ရှင်းလင်း ​ပြောဆိုပါတယ်​။

Myaing factoryကုန်​ထုတ်​လုပ်​မှုစရိတ်​မြင့်​​နေတဲ့ အတွက်​ ပြည်​ပက ၀င်​လာတဲ့ ပစ္စည်း​တွေကို အရည်​အ​သွေး​နဲ့ ​ဈေးနှုန်းမှာပါ မယှဉ်​နိုင်​ဘူးလို့ ပြည်ထောင်စုဒုဝန်​ကြီးက ​ပြောပါတယ်​။

အခုလို အရှုံး​ပေါ်​နေတာမှာ အဓိက အ​ကြောင်းက ဌာနက ပင်​စင်​စားနဲ့ လက်​ရှိဝန်​ထမ်း ၆ ​သောင်း​ကျော်​အတွက် နှစ်​စဉ်​ လစာ​ထောက်​ပံ့​ငွေ ကျပ်​ ၆၆ ဘီလီယံ​ကျော်​​​ကြောင့်​ ဖြစ်​တယ်​လို့လည်း ဒုဝန်​ကြီးက ​ပြောပါတယ်​။

အဲဒီအတွက်​ လစာစရိတ်​ ​လျှော့ချနိုင်​ဖို့ နိုင်​ငံပိုင်​စက်​ရုံ ၁၁၄ ရုံထဲက ၅၈ ရုံကို ပုဂ္ဂလိကနဲ့ အကျိုးတူပူး​ပေါင်း​ ဆောင်​ရွက်​​နေပြီး ​နောက်​ထပ်​ ၁၃ ခုကိုလည်း ပူး​ပေါင်းဖို့ ဆက်​လက်​ ညှိနှိုင်း​နေတာဖြစ်​ပါတယ်​။

ဒါ​ပေမယ့်​ စီးပွား​ရေးစနစ်​အ​ပြောင်းအလဲ​ကြောင့် ဖြစ်​လာတဲ့ အရှုံး​ပေါ်တာ​​တွေကို အချိန်​တိုအတွင်း ကုစားနိုင်​စွမ်း မရှိပါဘူးလို့လည်း ပြည်ထောင်စုဒုဝန်​ကြီးက ၀န်​ခံလိုက်​ပါတယ်​။

နိုင်​ငံပိုင်​စီးပွား​ရေး လုပ်​ငန်း​တွေထဲက အရှုံး​ပေါ်​နေတဲ့ စက်​မှု၊ ပြန်​ကြား​ရေး၊ ​မွေးမြူ​ရေး၊ ​ရေလုပ်​ငန်းနဲ့ ​ကျေးလက်​ဒေသ ဖွံ့ဖြိုး​ရေး၊ ပို့​ဆောင်​​ရေးနဲ့ လျှပ်​စစ်​၀န်​ကြီးဌာန​တွေဟာ ပြည်​​ထောင်​စုလွှတ်​​တော်​မှာ လာ​ရောက်​ရှင်း​လင်း​နေတာဖြစ်​ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013