
ကလေးစစ်သား ၁၀၉ ယောက်ကို မြန်မာစစ်တပ်က စက်တင်ဘာ ၂၅ ရက်နေ့က လွှတ်ပေးခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။
၂၀၁၄ ခုနှစ် သြဂုတ်လက ကလေး ၉၁ ဦးကိုလည်း လွှတ်ပေးခဲ့သလို လက်ရှိအချိန်ထိ လွှတ်ပေးလိုက်တဲ့ ကလေးစစ်သား ၄၇၂ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
၂၀၀၇ ခုနှစ်ကတည်းက တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၇ ဖွဲ့တို့ဟာ ကလေးစစ်သားတွေကို အသုံးပြုတယ်ဆိုပြီး ကုလသမဂ္ဂရဲ့ စာရင်းမှာ ပါဝင်နေတာ ဖြစ်ပါတယ်။
ဒီစာရင်းကို တုံ့ပြန်ဖို့ အတွက် ကလေးစစ်သား အသုံးပြုမှု တားဆီးပပျောက်ရေး အတွက် လုပ်ဆောင်နေတဲ့ လက်တွေ့ အကောင်အထည်ဖော်ရေး အစီအစဉ်ကို ၂၀၁၂ ခုနှစ် ဇွန်လမှာ လက်မှတ်ရေးထိုးလိုက်တာ ဖြစ်ပါတယ်။
လက်တွေ့ အကောင်ထည်ဖော်ရေး အစီအစဉ်ကို လတ်မှတ်ရေးထိုးပြီးတဲ့နောက် ကလေးစစ်သားတွေကို ပြန်လွှတ်ပေးနေတာလည်း ဖြစ်ပါတယ်။
အသက် ၁၈ နှစ်အောက် ကလေးတွေကို စစ်တပ်မှာ အသုံးပြုတာတွေဟာ တရားမ၀င်ဘူးလို့ သတ်မှတ်ထားပါတယ်။










