
[caption id="attachment_66109" align="alignright" width="300"]
သြဂုတ်လ ၂၀ ရက်နေ့က လွှတ်တော်အကြီးအကဲများနှင့် စာနယ်ဇင်းကောင်စီ လေးပွင့်ဆိုင်ဆွေးနွေးရေးသဘောတူခဲ့စဉ်[/caption]
ဥပဒေပြုရေး၊ တရားရေး၊ အုပ်ချုပ်ရေးနဲ့ သတင်းမီဒီယာစတဲ့ မဏ္ဍိုင်ကြီး ၄ ရပ် တွေ့ဆုံပွဲကို လာမယ့် အောက်တိုဘာ ၄နဲ့ ၅ ရက်တို့မှာ နေပြည်တော်မှာ ပြုလုပ်သွားဖို့ ရှိတယ်လို့ စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောပါတယ်။
စာနယ်ဇင်းကောင်စီက ဦးဆောင်စီစဉ်တဲ့ မဏ္ဍိုင်ကြီး ၄ ရပ်ရဲ့ အလုပ်ရုံဆွေးနွေးပွဲဟာ သတင်းမီဒီယာသမားတွေနဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးစတဲ့ မဏ္ဍိုင်တွေအကြား နားလည်မှု ပိုပြီးရလာဖို့ ရည်ရွယ်ကျင်းပမှာဖြစ်ပြီး ဦးသိန်းစိန် အစိုးရလက်ထက် ပထမဆုံအကြိမ် တွေ့ဆုံကြမယ့် ပွဲလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းက သမ္မတနဲ့ စာနယ်ဇင်းကောင်စီအဖွဲ့ဝင်တို့ တတိယအကြိမ် တွေ့ဆုံ ဆွေးနွေးပွဲကနေ မဏ္ဍိုင်ကြီး ၄ ရပ် တွေ့ဆုံဆွေးနွေးကြဖို့ လမ်းစထွက်ပေါ်ခဲ့တာ ဖြစ်ပြီး ၂ လအတွင်းမှာ မဏ္ဍိုင်ကြီး ၄ ရပ်စလုံးက တွေ့ဆုံဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။










